(( 9 ))

6.1K 657 24
                                    

Unicode

Jungkookအပေါ်ထပ်ရောက်တော့ Namjoon hyungညွှန်ပေးလိုက်သည့်Taeအခန်းဟုယူဆရသည့်အခန်းလေးသို့ တံခါးလေးခေါက်တော့ဘာမှတုံ့ပြန်သံမလာ။

ဖွင့်ကြည့်တော့လည်းအခန်းတံခါးက လော့ခ်မချထားသည်မလို့ တံခါးကိုဖြေးဖြေးချင်းဖွင့်ကာဝင်လာတော့ရှင်းလင်းသပ်ရပ်နေသည့်အခန်းဖွဲ့စည်းပုံလေးကိုသူအရင်ဆုံးသတိထားမိရသည်။

အခန်းကြီးကကျယ်ပေမဲ့ စာကြည့်စားပွဲရယ် အခန်းထောင့်ကဘီဒိုကြီးရယ် အခန်းအလယ်ခပ်လှမ်းလှမ်းကကုတင်ကြီးရယ်သာရှိပြီး အခန်းလေးဟာအဖြူရောင်အခန်းလေးဖြစ်သည်။

သူဝင်လာတော့တစ်ယောက်သောသူလေးဟာ အိပ်ယာပေါ်မှာစောင်ကိုခေါင်းမြီးခြုံထားတာကြောင့် သူအမြန်လေးအိပ်ယာဘေးလေးကိုဝင်ထိုင်လိုက်သည်။

"Baby"

"ဟင်"

သူခေါ်လိုက်တော့ စောင်လေးလှပ်ကာခေါင်းလေးထွက်လာသည့်ကလေးငယ်။ မျက်ဝန်းမှာမှာမျက်ရည်စတွေနဲ့နီရက်လျက်ဘယ်လောက်ပင်ငိုထားခဲ့သလဲမသိ။ သူ့ကြောင့်မျက်ရည်ကျရသည်ကိုတွေးမိတော့ ရင်ထဲစိတ်မကောင်းခြင်းတို့ကကြီးစိုးသည်။

"ကိုကို! ကိုကိုလာတယ်ပေါ့! "

သူ့ကိုစောင်ခြုံလေးထဲကနေထွက်ကာ လည်ပင်းတွေကနေသိုင်းကာကုပ်တွယ်ပြီးဖက်လာသည့်Taeကိုအသာပြန်ပွေ့ထားရင်း

"ကိုကိုကဘာလို့မလာရမှာလဲ?? ကိုယ်တောင်းပန်ပါတယ် ကိုယ်နောက်ကျသွားလို့"

"ချိန်းထားတဲ့အချိန်မရောက်လာတော့ Taeကကိုကိုမလာချင်တော့ဘူးလို့ထင်သွားတာ။ ဘေဘီ့ကိုတကယ်မချစ်ဘူးလို့ထင်သွားတာ အင့်"

"ကိုယ်တောင်းပန်ပါတယ်Babeရယ်။ ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်အခုရောက်ပြီလေနော် ကိုယ်ကဘာလို့Babyကိုမချစ်ရမှာလဲကိုယ့်မှာBabeတစ်ယောက်ပဲရှိတာကို"

သူပြောတော့တရှုံ့ရှုံ့ငိုနေဆဲTaeကြောင့် Jungkookမှာလည်းနောက်ကျစေမိသည့်ကိုယ့်ကိုကိုယ်ပဲပြစ်တင်ကြိမ်ဆဲရင်း ယူကြုံးမရဖြစ်နေမိသည်။

"ဘာလို့နောက်ကျတာလဲ??"

သူ့ကိုဖက်ထားရာကနေခွာက ရင်ခွင်ထဲကနေသူ့အားမော့ကြည့်ရင်းမေးလာသည့်Tae။ မျက်ဝန်းထောင့်နားကဝေ့သီနေဆဲဖြစ်သည့်မျက်ရည်စလေးတွေကို လက်ဖြင့်အသာသုတ်ပေးလိုက်ရင်း

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now