(( 6 ))

7.8K 758 50
                                    

Unicode

Flashback~

လွန်ခဲ့သောငါးနှစ်ခန့်က ....
-
-
-
-
-

Tokyoမြို့ညရှုခင်းကြီးဟာ မီးရောင်စုံဖြင့်အမှန်ပင်စည်ကားနေသည်မလို့မရင်းနှီးသည့်မြို့ကြီး၏အလယ်Taehyungတစ်ယောက် တစ်ယောက်တည်းထွက်ပြေးခဲ့သည်ကိုပင် နောင်တရချင်သလိုလိုဖြစ်လာသည်။

Japanနိုင်ငံတိုကျိုမြို့မှာကျင်းပသည့် အာရှနိုင်ငံပေါင်းစုံကျင်းပသည့်Figure skateပြိုင်ပွဲကြီးသို့ Taehyungတို့အဖွဲ့ကတောင်ကိုးရီယားနိုင်ငံကိုယ်စားပြုအနေနှင့်လာပြိုင်နေခြင်းဖြစ်သည်။

Teamလိုက်ပြိုင်ပွဲမှာ အမှတ်တွေကသူတို့တောင်ကိုရီးယားteamကအမှတ်အမြင့်ဆုံးရရှိခဲ့သော်လည်း နောက်ထပ်soloပွဲမှာတော့ တရုတ်နိုင်ငံကိုယ်စားပြုကောင်လေးကသူ့ထက်အမှတ်သာသွားကာပထမရပြီးသူကတော့ဒုတိယာဆုနှင့်သာ ကျေနပ်ခဲ့ရသည်။ နည်းပြနှင့်အသင်းသားတွေကတော့ ဘာမှမဖြစ်ကြောင်းနှင့်နောက်ပွဲတွေမှာထပ်ကြိုးစား၍ရကြောင်းနှစ်သိမ့်ပေးကြပါသည်။

သို့သော်အမြဲတမ်းကိုယ်လိုချင်တဲ့အရာကိုအမြဲရအောင်ယူတတ်သည့်Taehyung အဖို့တော့ဒီရလဒ်ဟာစိတ်ကျေနပ်နှစ်သိမ့်မှုတို့ကိုပေးဆောင်နိုင်။ ကိုယ့်စွမ်းရည်နှင့်ကြိုးစားမှုတို့ကိုစိတ်ပျက်မိသည်။ ငယ်ငယ်ကတည်းက ယှဉ်ပြိုင်လိုစိတ်အနိုင်လိုချင်စိတ်ကြီးမားသူမလို့ ရှုံးနိမ့်ခြင်းဟာTaehyung အတွက်ရန်သူပင်။

ထို့ကြောင့်မကျေမနပ်ဖြင့်ဘယ်သူ့ကိုစိတ်ဆိုးလို့ဆိုးမယ်လဲမသိ ကိုယ့်ကိုကိုယ်အားမရဖြစ်တာကြောင့် ဂုဏ်ပြုညစာစားပွဲတောင်မသွားချင်တော့ပဲ တစ်ယောက်တည်းဟိုတယ်ကနေခိုးထွက်လာခြင်းပင်။

အခုတော့ဟိုတယ်တောင်မပြန်တတ်တော့။ ဘယ်နေရာတွေထိ ရောက်လာမိပြီလဲလဲမသိ။ ခါတိုင်းစိတ်ရှုပ်လို့ဆိုပြီးနှင်ထုတ်နေကျ Hyungလွှတ်ပေးထားတဲ့bodyguardတွေကို ဒီလိုချိန်မျိုးကျလိုအပ်မိသား။

ထိုအချိန်လမ်းဘေးလေးမှာသူတစ်ယောက်တည်းအူတူတူနှင့်တစ်ယောက်တည်းရပ်နေမိတုန်း အင့်ခနဲမြည်အောင်ဝင်တိုက်ခံလိုက်ရသည်မလို့လူကလဲကျမလိုဖြစ်သွားရသည်။ သို့သော်လဲကျသွားမည့်သူ့ကိုတစ်စုံတစ်ယောက်ကပွေ့ဖက်ထိန်းထားလိုက်သည်။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now