Part 1

134K 7.7K 1.9K
                                    

<Unicode>
"သူရပြည့်စုံ မင်းကို မေမေက သတ္တိတွေ ရဲရင့်မှုတွေနဲ့ ပြည့်စုံပါစေတော့ဆိုပြီး သူရပြည့်စုံလို့ နာမည်ပေးခဲ့တာ မင်းက အိမ်မှာတစ်ယောက်ထဲ မနေရဲဘူးတဲ့လား"

ဒေါ်သန္တာလတ် သားကိုကြည့်ကာ အံကြိတ်လိုက်သည်။‌သူရပြည့်စုံ မျက်နှာကလေးက ငိုမဲ့မဲ့လေးဖြစ်သွား၏။သူက နာမည်နှင့်မလိုက် ကြောက်တတ်သည်။တစ်ဦးတည်းသောသားလေးဖြစ်တာကြောင့် အစစအရာရာအလိုလိုက်ခံရပြီး အဖော်မက်သည်။

"ဟာ မေမေကလည်းဗျာ သားကသရဲကြောက်တတ်တာ သိရဲ့သားနဲ့ ညတစ်ယောက်ထဲ မအိပ်ရဲပါဘူး ပြီးတော့ ခါတိုင်းဆိုရင် မပြောပါဘူး အခုက တစ်အိမ်ကျော်မှာ အသုဘရှိနေတာကို သားတစ်‌ယောက်ထဲ အိမ်မှာ မနေရဲဘူး"

"ဟင်းးး မင်းအသက် ၁၇နှစ်နှစ်ရှိနေပြီ ဒါလေးကို ကြောက်နေရလား မေမေသွားမှာကလည်း နှစ်ရက်သုံးရက်လောက်ပဲ ဖွားဖွားနေမကောင်းလို့ သွားရမှာ ပြီးတော့ အိမ်မှာ ဘာသရဲရှိမှာလဲ"

"မေမေ.....ရောက်လာရင် ဘယ်လိုလုပ်မှာလဲ"

"သားမနေရဲလည်း သားသူငယ်ချင်းတွေကို ခေါ်လိုက်လေ စားချင်တာကို Delivery မှာစား"

"ဟုတ်"

သူရပြည့်စုံ စိတ်ဓာတ်ကျစွာ ခေါင်းညိတ်လိုက်သည်။‌မေမေ့ကို တားလို့လည်းမဖြစ်။ဖွားဖွားကျန်းမာရေးကရှိသေးသည်။သူ ဖုန်းလေးထုတ်ကာ ဂိမ်းဆော့နေလိုက်သည်။

သူရပြည့်စုံက ညမှောင်လာပြီဆိုလျှင် လေတိုက်သည်ကိုလည်း ကြောက်သည်။ညရှစ်နာရီကျော်လျှင်ပင် အိမ်သာမသွားတော့။အိမ်သာတံခါးဖွင့်လိုက်ရင် မည်းမည်းကြီးမြင်လိုက်ရမှာ ကြောက်သည်။သူငယ်ချင်းတွေက သူ့ကို သရဲကြောက်လို့ လှောင်ကြပြောင်ကြပေမဲ့ သူလည်း မတတ်နိုင်။တခြားဘယ်အရာကိုမှ မကြောက် ဒီသရဲကိုတော့ ဘာကြောင့်ရယ်မသိ တုန်နေအောင် ကြောက်သည်။မြင်ဖူး၍လားဆိုတော့လည်း တစ်ခါမှ မမြင်ဖူး။

ခဏကြာတော့ မေမေက သူ့နဖူးလေးကို နမ်းကာ အိမ်အပြင်ထွက်သွားသည်။သူရပြည့်စုံ မေမေ့နောက်လိုက်သွားကာ မေမေ ဖေဖေ့ကားပေါ်တက်သွားတာကို ကြည့်ပြီး ခြံတံခါးပိတ်လိုက်သည်။အိမ်ထဲ ပြန်ဝင်လာတော့ တိတ်ဆိတ်နေသည့်အိမ်ကြီးထဲတွင် တစ်ယောက်ထဲ ကျန်ခဲ့လေသည်။ညမှသူငယ်ချင်းတွေကို ခေါ်ရန် ဆုံးဖြတ်လိုက်သည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now