Part 32

50.7K 5.1K 961
                                    

ဖုန်မှုန့်တွေက ကျောက်အက်ကွဲကြောင်းကြားမှ လျှောကျနေသည်။မြေပြင်တွင် သွေးညှီနံ့တို့လွှမ်းခြုံနေပြီး မြင်မြင်သမျှက ရွံရှာဖွယ်ရာကောင်းနေသည်။

ရာဇ် လက်ထဲမှ ငွေခက်ရင်းခွက လွှတ်ထွက်သွားပြီး လေထဲသို့ပျံတက်သွားသည်။ထို့နောက် အသွင်ပြောင်းကာ ငွေရာဇ် ဖြစ်သွားသည်။ရာဇ် ညာဘက်လက်ကို မြှောက်လိုက်သည်။သူရပြည့်စုံကို ကာရံထားသည့် ဒိုင်းက ပျောက်ကွယ်သွားပြီး ဆေးတံအသွင်ပြောင်းကာ ရာဇ် လက်တွင်းသို့ ပျံသန်းဝင်ရောက်လာသည်။ရာဇ် ဆေးတံကို ခါးစည်းတွင်ချိတ်လိုက်သည်။

သူရပြည့်စုံက ဒူးနှစ်ဖက်ကို ခပ်တင်းတင်းဖက်ထားပြီး ရာဇ်ရဲ့လက်ပြတ်ကို ဖက်ကာ ကျုံ့ကျုံ့လေးထိုင်နေသည်။ရာဇ် သူရပြည့်စုံထံ ခြေလှမ်းကြဲ‌ကြီးတွေနှင့် လျှောက်သွားကာ ပွေ့ဖက်လိုက်သည်။သူရပြည့်စုံရဲ့မျက်ရည်တွေက ပါးပြင်ပေါ်‌ပြိုကျလာသည်။ရာဇ် သူရပြည့်စုံကို ကြင်နာစွာ နဖူးလေးနမ်းလိုက်သည်။

"မင်းငိုတော့ ကိုယ်တော် ဘယ်စိတ်ကောင်းမလဲ"

"အဟင့် ဒါပေမဲ့ ဘယ်ကမှန်းမသိတဲ့ ဗီလိန်ကောင်ကြီးပေါ်လာပြီး ကိုကိုသခင်ကြီးက အဟင့် လက်ပြတ်သွားတယ် ဟိုလူခေါင်းတွေကလည်း အရမ်းကြောက်စရာကောင်းတယ် အဟင့် ကျွန်တော် အရမ်းကြောက်တယ် ကိုကိုသခင်ကြီးက တစ်ကိုယ်လုံးသွေးတွေထွက်နေတာ အီးဟီးဟီး"

ရာဇ် သူရပြည့်စုံကို စိတ်မကောင်းစွာကြည့်လိုက်သည်။ငယ်ရွယ်နုနယ်သည့် ဆယ့်ခုနစ်နှစ်သားလေးက သွေးသံတရဲရဲကို ရင်ဆိုင်ခဲ့ရသည်။ရာဇ်ကို လက်ပြတ်ကို တင်းတင်းကြပ်ကြပ်နှင့် မရွံမရှာဖက်တွယ်ထားခဲ့သည်။

သူရပြည့်စုံလေးက ဘယ်လောက်တောင် ကြောက်နေခဲ့မလဲ။ဒီလိုအချိန်မှာ မငိုဘဲ ခံနိုင်ရိုး ဘယ်မှာရှိလိမ့်မလဲ။

ရာဇ် နှလုံးသားတစ်ခုလုံးက အပြင်းအထန်နာကျင်သွားပြီး သူရပြည့်စုံ ကျောလေးကို ခပ်ဖွဖွပုတ်ပေးသည်။

"ငိုပါ ကလေးရယ် ငိုပါ"

ရာဇ် သူရပြည့်စုံရဲ့ငိုကြွေးခြင်းက စိတ်သက်သာရာရအောင် ငိုကြွေးခြင်းဖြစ်လို့ စိတ်ကြိုက်‌ငိုစေလိုက်သည်။သူရပြည့်စုံ ရာဇ် ရင်ခွင်ထဲ တိုးဝင်ပြီး အားရပါးရငိုကြွေးတော့သည်။သူရပြည့်စုံရဲ့ငိုသံက ကျောက်ဆောင်တွေထဲ ပဲ့တင်ထပ်နေသည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now