Part 8

65.2K 5.5K 1.2K
                                    

<Unicode>

ရာဇ် ရင်ခွင်ထဲတွင် သူရပြည့်စုံက အိပ်မောကျနေသည်။သူ့မျက်တောင်လေးတွေက တုန်ယင်နေပြီး ခပ်နွေးနွေးခန္ဓာကိုယ်ကြောင့် ရာဇ် ရင်ထဲ နွေး‌ထွေးသွားသလို ခံစားရသည်။ကောင်ငယ်လေးက သေးငယ်ပြီး အင်အားမရှိ။စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပြီး ကျက်သရေလည်း မရှိပေ။ဒါတောင် ကောင်ငယ်လေးက ရာဇ်ရဲ့သခင်ဖြစ်နေသေးသည်။ရာဇ် လက်ကို မြှောက်ကာ ရင်ခွင်ထဲမှ ထုတ်ပစ်ရန် ကြိုးစားလိုက်ပေမဲ့ ရွှေကွင်းမှ လျှပ်စီးကြောင်းလေးတွေ ထွက်လာတာကြောင့် ခပ်တင်းတင်းသာ ဖက်ထားလိုက်တော့သည်။သူ ဖက်ချင်လို့ မဟုတ် ရွှေ‌ကွင်းကြောင့် အမိန့်နာခံခြင်းသာ။

သူရပြည့်စုံ အချိန်ဘယ်လောက် အိပ်ပျော်သွားသည်မသိ။နေဝင်ဆည်းဆာချိန် နေခြည်လေးတွေဖြန်းပက်မှ နိုးလာသည်။ရာဇ်က ဖက်ထားဆဲ။မျက်လုံးလေးအသာဖွင့်ကာ ရာဇ်ကို ချောင်းကြည့်လိုက်သည်။ရာဇ်က မျက်လုံးဖွင့်လျက်သားနှင့် သူ့ကို ကြည့်နေသည်။ရာဇ်ရဲ့ မျက်လုံးတွေက လေးနက်‌နေပြီး ဒေါသအရောင်ကြောင့် သွေးရောင်တောက်နေ၏။သူရပြည့်စုံ နှုတ်ခမ်းထောင့်ကို အထက်ကို ဆွဲတင်ကာ မျက်လုံးလေးတွေ မှေးသွားအောင် ပြုံးပြလိုက်ပြီး မျက်နှာချိုသွေးလိုက်သည်။

"ပြုံးပြမနေနဲ့ မင်း ဘာလို့ ငြိမ်ငြိမ်မအိပ်နိုင်ရတာလဲ တွန့်လိမ်ကောက်ကွေးနေပြီး အကုန်လိုက်ကန်နေတာ မင်းကို ဖက်အိပ်ရတာ အရမ်းပင်ပန်းတယ်"

သူရပြည့်စုံ စိတ်ထဲ အားနာသွားသည်။သွားဖြီးပြလိုက်ပြီး

"ရာဇ် ကျွန်တော့်ကို လွှတ်လို့ရပြီ"

ရာဇ်က လက်ကို ဖယ်ပေးတော့ သူရပြည့်စုံ ရင်ခွင်ထဲမှ ထပြီး အပျင်းကြောဆွဲလိုက်သည်။အားအင်တွေ ပြည့်ဝသွားလို့ တစ်ကိုယ်လုံးက တက်ကြွနေသည်။သလွန်ပေါ်မှဆင်းကာ တခြားသလွန်တစ်ခုပေါ် သွားထိုင်လိုက်၏။

"ဟို ရာဇ်...."

"ရာဇ်လို့ မခေါ်ရော့နဲ့"

ရာဇ်က ခပ်ပြတ်ပြတ်ပြောသည်။သူရပြည့်စုံ မျက်နှာလေး မဲ့ကျသွားပြီး နှုတ်ခမ်းကိုက်လိုက်သည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now