Part 36

44.4K 3.8K 81
                                    

ယာမ သူရပြည့်စုံကို ရင်ခွင်ထဲထည့်ပွေ့ချီကာ ကျောက်ဂူကြီးတစ်ခုထဲ ခေါ်သွားသည်။ကျောက်ဂူထဲရောက်သည်နှင့် သူရပြည့်စုံ ယာမပေါ်မှ ခုန်ချလိုက်သည်။ယာမ မျက်ခုံးတစ်ဖက်က ပင့်တက်လာသည်။

"အချစ် ဘာဖြစ်လို့လဲ"

သူရပြည့်စုံ တံတွေးမြိုချလိုက်သည်။သူရပြည့်စုံ ယာမ သူ့နှုတ်ခမ်းတွေကို ဖိကပ်လိုက်စဉ်က တစ်ခုခုမှားနေကြောင်း ခံစားမိသည်။သူရပြည့်စုံရဲ့ချစ်သူက လျှာကြီးနှင့် အမြဲနမ်းတတ်တာဖြစ်သည်။ယာမက ထိကပ်ရုံလေး ဖိကပ်သွားတော့ သူ့ချစ်သူက ယာမ မဖြစ်နိုင်။ဦးနှောက်က မမှတ်မိပေမဲ့ အထိ‌အတွေ့တွေက မှတ်မိနေသည်။

'ကိုကိုသခင်ကြီးက အမြဲတမ်း လျှာကြီးထုတ်ပြီး နမ်းတတ်တာ နှုတ်ခမ်းထက် လျှာက အရင် ဝင်လာတတ်တာကို'

သူရပြည့်စုံ မျက်မှောင်ကြုတ်လိုက်သည်။ယာမ သူရပြည့်စုံရဲ့အမူအယာကြောင့် ဓားကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။သူရပြည့်စုံသာ အားလုံးကို သတိရနေရင် သတ်ပစ်လိုက်ဖို့ရာ အဆင်သင့်။

"အချစ် တကယ် ဘာမှမမှတ်မိတော့ဘူးလား"

သူရပြည့်စုံ ကျစ်ကျစ်ပါအောင် လက်သီးဆုပ်လိုက်သည်။သို့သော် ဟန်ဆောင်ကာ ပြုံးသည်။အခု သူရပြည့်စုံက ဒီလူနှင့် လိုက်လာခဲ့မိပြီမလား။

'ဒီလူ သတ်လိုက်ရင် သေသွားလိမ့်မယ်'

သူရပြည့်စုံ ပြုံးပြီး ယာမ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

"သေသေချာချာ ရှင်းရှင်းလင်းလင်းတော့ မမှတ်မိပေမဲ့ ကိုကိုသခင်ကြီးက ကျွန်တော့်ကို အရမ်းချစ်တာတော့ မှတ်မိတယ် ကျွန်တော့် မျက်နှာတစ်ချက် အညှိုးမခံဘဲ အလိုလိုက်တာတော့ သိတယ် ဟုတ်တယ်မလား"

ယာမ ဓားကို ခပ်တင်းတင်းဆုပ်ကိုင်ထားရာမှ လွှတ်လိုက်ပြီး သူရပြည့်စုံ ခေါင်းလေးကို ပုတ်လိုက်သည်။

"ဟုတ်တာပေါ့"

သူရပြည့်စုံက ပျော်ရွှင်ကျေနပ်သွားပုံဖြင့် ယာမ လက်မောင်းလေးကို တိုးဝှေ့သည်။

"ကိုကိုသခင်ကြီး ကျွန်တော် ဗိုက်ဆာတယ်"

ယာမ သူရပြည့်စုံ ပြောလာတော့ သူရပြည့်စုံကို ခေါင်းငုံ့ကြည့်လာသည်။သူရပြည့်စုံရဲ့မျက်လုံးလေးတွေက ဖြူစင်နေပြီး ချစ်ခင်ဖွယ်ရာလည်း ကောင်းသည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now