Part 16

60K 5K 850
                                    

<Unicode>
ကောင်းကင်က ကြည်လင်သာယာနေသည်။တိမ်ဆုပ်ကလေးများက ဟိုတစ်စသည်တစ်စ ‌လွှင့်မျောလျက်။လေပြည်က အသာအယာ တိုးဝှေ့နေသည်။

သူရပြည့်စုံ နရမဏိဧည့်ခံသည့် ထမင်းဟင်းတွေကို အားရပါးရစားနေသည်။ငွေရာဇ်ကတော့ မနက်ထဲက တိတ်ဆိတ်နေပြီး ရာဇ်နှင့်နရမဏိတို့က အကြမ်းရည်သောက်ရင်း စကားစမြည်ပြောနေကြသည်။

နရမဏိ မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်း ရာဇ်ကို ကြည့်သည်။ရာဇ်က အကြမ်းရည်ခွက်ကို ချကာ ဆေးတံကို ကိုင်ပြီး အသာအယာဖွာရှိုက်လိုက်သည်။သူရပြည့်စုံက ထမင်းစားပြီး အချိုပွဲတွေကို ဆက်စားသည်။

"မင်း ဒီကိုလာစမ်း"

ရာဇ် ဆေးတံဖွာရင်း ခေါ်သည်။သူရပြည့်စုံ စပျစ်သီးတစ်လုံးကို ပါးစပ်ထဲ အလျင်အမြန်ကောက်ထည့်ပြီး ရာဇ် ဘေးသို့ ခပ်သုတ်သုတ်သွားသည်။

"ကိုကိုသခင်ကြီး ပြောလေ"

"ရော့!!"

ရာဇ် သူရပြည့်စုံကို ပိုးအိတ်လေးတစ်အိတ်ပစ်ပေးသည်။ပိုးအိတ်လေးက အနက်ရောင်ဖြစ်ပြီး အိတ်အနားသားများကို ရွှေကနုတ်လေးများထိုးထားသည်။သူရပြည့်စုံ အိတ်ကို ဖွင့်ကြည့်လိုက်တော့ ငွေဒင်္ဂါးများကို ‌တွေ့သည်။မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရာဇ်ကို ကြည့်လိုက်သည်။

"သွား မြို့ဈေးမှာ မုန့်သွားဝယ်စားနေ ဒီမှာ လာမရှုပ်‌ရော့နဲ့"

"အာ ကျွန်‌တော်က ဘယ်မှာ ရှုပ်လို့လဲ ဒီအတိုင်း မုန့်ပဲ စားနေတာကို"

သူရပြည့်စုံက မျက်မှောင်ကြုတ်ရင်းတွေးလိုက်သည်။

'ဒါက ကလေးတွေကို နှင်ထုတ်တဲ့နည်းမလား'

"မင်း ဒီမှာ ထိုင်နေတာကိုက ရှုပ်နေတာပဲ သွားအပြင်မှာ သွားနေ"

သူရပြည့်စုံ နှုတ်ခမ်းလေးစူလိုက်သည်။ရာဇ်က ငုတ်တုတ်မေ့နေသည့် ငွေရာဇ်ကို လှမ်းကြည့်ပြီး

"‌ညီတော် မင်းလည်း လိုက်သွားရော့"

ငွေရာဇ်က ချက်ချင်းထပြီး ဧည့်ဆောင်အပြင်ဘက်သို့ လျှောက်သွားသည်။ငွေရာဇ်မျက်နှာက တည်တင်းနေတာကြောင့် သူရပြည့်စုံ အံ့ဩမိသည်။အရင်‌ နေ့တွေတုန်းက ပြုံးစိပြုံးစိနှင့် မြုံစိစိ လုပ်နေတတ်သည့် ငွေရာဇ်က ဒီနေ့မှာတော့ အေးစက်ခက်ထန်နေသည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now