Part 25

52K 4.5K 561
                                    

သူရပြည့်စုံ နားထဲတွင် အသံဗလံများဆူညံနေသည်။လူထု၏ဟစ်ကြွေးသံ၊ကောင်းချီးဩဘာပေးသံများက သောင်းသောင်းဖြဖြ။သူရပြည့်စုံ မျက်လုံးတွေက ဖွင့်မရသေး။ခန္ဓာကိုယ်တစ်ခုလုံးကလည်း လေးလံနေပြီး နာကျင်မှုတွေကတော့ တဖြည်းဖြည်းလျော့ပါးသွားချေပြီ။

"ဟေး ကျုပ်တို့စစ်သူကြီး စစ်ပွဲမှာ အောင်နိုင်ခဲ့ပြီ"

"မောစစ်သည်တွေကို ခြေမှုန်းနိုင်ခဲ့ပြီကွ"

"စစ်သူကြီး ရွှေရာဇ်ကြော့ရှင် အောင်ပါစေ"

"စစ်သူကြီး ရွှေရာဇ်ကြော့ရှင်"

"စစ်သူကြီး...."

သူရပြည့်စုံ မျက်လုံးဖွင့်လိုက်သည်။မြင်ကွင်းက လှုပ်ရှားနေပြီး လူထုအသံတွေက မနည်းလှ။ကောင်းကင်တွင် ပန်းနုရောင်နှင်းဆီပွင့်ဖတ်လေးများ လွှင့်ဝဲနေပြီး ပုဝါစများ လွှင့်ပျံနေသည်။အခုက ပုဂံနေပြည်တော်ကြီးတွင် ဖြစ်သည်။

သူရပြည့်စုံ အဝေးတစ်နေရာမှ ရာဇ်ကို လှမ်းမြင်လိုက်သည်။ရာဇ်က စစ်တပ်ကြီးကို ‌ဦးဆောင်ကာ ပုဂံနေပြည်တော်ထဲဝင်လာသည်။ရာဇ်က မြင်းညိုကြီးပေါ်တွင် ခံ့ညားစွာထိုင်နေပြီး ဆောင်ဓားကို ခါးတွင်ချိတ်ထားသည်။ရာဇ်ရဲ့ဆံပင်တွေက ပုဂံစစ်သူရဲကောင်းတစ်ယောက်လို နဖူးသင်းကျစ်နှင့် ထုံးဖွဲ့ထားသည်။မျက်နှာက ပြုံးယောင်သန်းနေပြီး ချောမောခံ့ညားလှသည့် မျက်နှာက ဘုန်းတန်ခိုးအရှိန်အဝါအပြည့်။ရာဇ် ပခုံးတွင် ခြုံထည်ကြီးတစ်ခုက လွှင့်ဝဲနေသည်။ ချပ်ဝတ်တန်ဆာအပြည့်နှင့် ရာဇ်က လူတကာကို ဒူးထောက်ကျသွားစေမည့် အရှိန်အဝါများ ပိုင်ဆိုင်ထားသည်။သူရပြည့်စုံ ရာဇ်ရဲ့ချောမောမှုကြောင့် အသက်ရှူမှားတော့မတတ်။

ရာဇ်က မြင်းဇက်ကြိုးကို ဆွဲကာ လမ်းအတိုင်း ခပ်သော့သော့လေး စီးနင်းလာသည်။ရာဇ်က သူရပြည့်စုံရှေ့ကို ရောက်တော့မည်။သူရပြည့်စုံ လူတွေကြားထဲ တိုးဝင်ပြီး ရာဇ်ရှေ့ရောက်ရန် ကြိုးစားသည်။လူအုပ်က မနည်းလှ။လူတွေကြားထဲ တွန်းတိုက်ကာ ရှေ့ကို အတင်းတိုးသည်။သူရပြည့်စုံ ရှေ့ကို အတင်းတိုးတာကြောင့် ခြေထောက်ခေါက်ကာ လဲကျသွားသည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now