Part 40

45.4K 3.8K 166
                                    

ရာဇ် အဖြူရောင်ဆေးခြယ်ထားသည့်သစ်သားမျက်နှာဖုံးလေးကိုယူကာ သူရပြည့်စုံ မျက်နှာပေါ် တပ်ပေးလိုက်သည်။အဖြူ‌ရောင်ခြုံထည်အရှည်ကြီးကို ယူ၍ သူရပြည့်စုံ တစ်ကိုယ်လုံး ဖုံးအုပ်သွားအောင် ခြုံပေးလိုက်သည်။ရာဇ် သူရပြည့်စုံ လက်လေးကို တွဲကာ တစ္ဆေမြို့ထဲ တိုးဝှေ့လာသည်။တစ္ဆေဈေးက တစ္ဆေတွေစည်ကားနေပြီး မြင်မြင်သမျှက ကြောက်မက်ဖွယ်ကောင်းသည်။ဈေးထဲတွင် အိုးစည်သံ၊ဒိုးပတ်သံဆူညံနေပြီး တချို့တစ္ဆေမများက ယောကျာ်းသားတွေကို သွေးဆောင်ဖြားယောင်းနေသည်။

ရာဇ် သူရပြည့်စုံ လက်လေးကို တွဲကာ မြို့ဈေးလမ်းမကြီးပေါ် လျှောက်လာတာကိုမြင်တော့ တစ္ဆေအုပ်ကြီးက ချက်ချင်းငြိမ်သက်သွားသည်။သူတို့က လမ်းမကြီးပေါ်မှ ဆင်းပြေးပြီး ဘေးတွင် ဝပ်သွားကြသည်။သူရပြည့်စုံ ရာဇ်ကို မော့ကြည့်လိုက်သည်။ရာဇ် မျက်လုံးတွေက နူးညံ့သိမ်မွေ့နေပြီး ကြံ့ခိုင်သန်မာသည့်အရှိန်အဝါများက ရာဇ် တစ်ကိုယ်လုံးမှ စိမ့်ထွက်နေသည်။မြို့ဈေးမှ တစ္ဆေများမှာ တုပ်တုပ်မျှ မလုပ်ရဲ။သူရပြည့်စုံ ခေါင်းရှုပ်လာပြီး ရာဇ် လက်ကို ခပ်တင်းတင်းညှစ်လိုက်သည်။

"ကိုကိုသခင်ကြီး ဒီအတိုင်းက ပျော်စရာလည်း မကောင်းဘူး"

"သူရလေးက မပျော်လို့လား"

"အင်း ဒီအတိုင်းကြီးကျ ဘေးကလူတွေက အရိုအသေပေးနေတော့ မနေတတ်ဘူးလေ"

"အင်း"

ရာဇ် သူရပြည့်စုံ လက်လေးကို ကြင်ကြင်နာနာကိုင်ကာ ခေါင်းညိတ်သည်။

"အားလုံးပဲ ကိုယ်တော့်ကို ရှိတယ်လို့ မတွေးနဲ့ ပုံမှန်အတိုင်းပဲ လှုပ်ရှားသွားလာကြစမ်း!!"

ရာဇ်ရဲ့အာဏာပြင်းသည့်အသံက ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။တစ္ဆေတွေ အားလုံးက ခေါင်းငုံ့ထားရာမှ မော့ကြည့်လာပေမဲ့ ဘယ်သူမှတော့ မလှုပ်ရဲသေး။ရာဇ်က အားလုံးကို ကျဉ်းမြောင်းစွာ ကြည့်လိုက်တော့ တစ္ဆေတွေက ချက်ချင်းထပြီး သွားလာကြတော့သည်။သို့သော် ရာဇ်နှင့်သူရပြည့်စုံတို့အနားတော့ နီးကပ်အောင် မလာကြ။သူရပြည့်စုံ ရယ်မောလိုက်သည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now