Part 34

58.7K 4.2K 424
                                    

ရာဇ် သူရပြည့်စုံကို ပွေ့ချီကာ အိမ်တော်ထဲ ဝင်လာသည်။သူရပြည့်စုံရဲ့ ခန္ဓာကိုယ်လေးက ပုစွန်ထုပ်လေးလို ကွေးနေပြီး ပါးပြင်လေးတွေက နီရဲနေ၏။ရာဇ် သူရပြည့်စုံကို ချစ်မြတ်နိုးစွာ ကြည့်လိုက်ပြီး ပါးလေးနမ်းလိုက်သည်။သူရပြည့်စုံက ညည်းညူပြီး ရာဇ် ရင်ခွင်ထဲ တိုးဝင်လာ၏။

ရာဇ်ရဲ့အိမ်တော်ကြီးကတော့ ထုံးစံအတိုင်းအေးစက်ခံ့ညားနေသည်။မျက်နှာပြောင်တစ္ဆေမတွေက ဟိုဟိုဒီဒီလွှင့်မျှောနေပြီး ဧည့်ဆောင်ခန်းမကြီးထဲတွင်တော့ ဖဲဝါက သလွန်တစ်ခုပေါ်ထိုင်နေ၏။ရာဇ် သူရပြည့်စုံကို ပွေ့ကာ ခန်းမကြီးထဲ ဝင်လာတာကိုတွေ့ရော ဖဲဝါ နှုတ်ခမ်းထောင့်တွေက ကော့တက်သွားသည်။

"ကိုယ်တော်ကြီးတို့ကို ဖဲဝါ စောင့်နေတာ ကြာလှပေါ့"

ရာဇ် ဖဲဝါကို အေးစက်စက်အကြည့်ပေးပြီး တိတ်တိတ်နေရန် အသံတိတ်‌အမိန့်ပေးလိုက်သည်။ဖဲဝါက ရာဇ်ရင်ခွင်ထဲက သူရပြည့်စုံကို မြင်တော့ အပြုံးတွေ အေးခဲသွားသည်။သို့သော် ချက်ချင်းပြန်ပြုံးလိုက်၏။

ရာဇ် သူရပြည့်စုံကို ကတ္တီပါအခင်းခင်းထားသောမွေ့ယာပေါ်သို့ အသာအယာလေးချလိုက်သည်။ရာဇ် သူရပြည့်စုံ တစ်ကိုယ်လုံးပေါ် စောင်လွှမ်းခြုံပေးလိုက်ပြီး နဖူးလေးကို ကြင်ကြင်နာနာအနမ်းခြွေသည်။ရာဇ် အာရုံထဲတွင် သူရပြည့်စုံ တစ်ယောက်ထဲသာ ရှိသည်။

"ဖဲဝါ ငရဲမင်းကြီးရဲ့သားတော် ယာမက ဖုတ်တစ္ဆေတွေနဲ့ ပျောက်သွားရော့တယ်"

"ဖဲဝါ သိပါတယ် ယခုတောင် လူ့ပြည်မှာ လူ့ခန္ဓာကိုယ်ထဲ ဝင်နေတဲ့ ဖုတ်တွေသိပ်များလာတယ်"

"အင်း ယာမကို လက်ရဖမ်းဆီးမှ ဖြစ်မယ်"

ဖဲဝါ အကြည့်တွေက သလွန်ပေါ်မှာ အိပ်မောကျနေသည့် ကောင်ငယ်လေး ထံတွင်သာ။ရာဇ် မျက်မှောင်ကြုတ်လိုက်ပြီး ကောင်ငယ်လေးရှေ့မှ ကာကွယ်ကာ ထိုင်လိုက်သည်။ဖဲဝါ မျက်လွှာလေးချသွား၏။

"ဒါဆို ဖဲဝါ ယာမသတင်းတွေ သွားစုံစမ်းလိုက်ပါဦးမယ်"

"ကောင်းပြီ"

ဖဲဝါက ပြောပြီး ထရပ်လိုက်သည်။ပြီးမှ သံဘူးအနီရောင်လေးတစ်ခုကို ကျောက်စားပွဲပေါ်တင်လာ၏။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now