Part 33

54.3K 4.2K 590
                                    


"‌သူရတို့က ပရလောကကို ပြန်ကြတော့မှာလား"

မရဏက ‌သလင်းကျောက်သေတ္တာလေးကို ကိုင်ထားရင်းမေးသည်။သူရပြည့်စုံ ရာဇ်လက်ကို ဆုပ်ကိုင်လိုက်၏။

"ဟုတ်တယ်"

"သေတ္တာကို မယူသွားတော့ဘူးလား"

သူရပြည့်စုံ မရဏလက်ထဲမှ သလင်းကျောက်သေတ္တာလေးကို အကြည့်ပို့လိုက်သည်။သူရပြည့်စုံကို ဆုပ်ကိုင်ထားသည့် ရာဇ် လက်တွေက တင်းကြပ်သွား၏။သူရပြည့်စုံ ခေါင်းယမ်းသည်။

"ဟင့်အင်း ကျွန်တော် ကိုကိုသခင်ကြီးနဲ့ပဲ နေတော့မယ်"

"ကောင်းပြီ"

မရဏက သလင်းကျောက်သေတ္တာလေးကို နှင်းဆီနွယ်တွေကြား နှစ်မြှုပ်ကာ သိမ်းဆည်းလိုက်သည်။မရဏ ရာဇ်တို့ကို အိမ်တော်အတွင်းခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။အိမ်တော်အတွင်းခန်းထဲတွင် ကြေးမုံကြီးနှစ်ချပ်ရှိပြီး နှင်းဆီနွယ်တွေက ထိုကြေးမုံပြင်ကြီးကို အထပ်ထပ်ရစ်ပတ်ထားသည်။

"ဒါက လောကသုံးခုကို ဆက်ထားတဲ့ တံခါးတွေပဲ ကြေးမုံက‌နေ လောကတွေကို ကြည့်နိုင်ပြီး ဖြတ်သွားရင် အဲ့ဒီလောကကို ရောက်သွားမယ်"

သူရပြည့်စုံ ကြေးမုံပြင်ကြီးကို စိတ်ဝင်စားစွာကြည့်လိုက်သည်။

"ဒါဆို အသူရကာယ်ဘုံကို ကြည့်လို့ရလား နရမဏိ အဆင်ပြေလား ကြည့်ချင်လို့"

သူရပြည့်စုံ ပြောတော့ မရဏ ခေါင်းညိတ်သည်။ညာဘက်ကြေးမုံပေါ်မှ နှင်းဆီနွယ်တွေက ရွေ့လျားသွားပြီး သာယာလှပသည့် ရာသီဥတုလေးက မြင်ကွင်းတွင် ထွက်ပေါ်လာသည်။လသာဆောင်က မြင်ကွင်းထဲ ထင်ရှားလာပြီး နာရမဏိက မိန်းမပျိုတစ်ယောက်ကို ပွေ့ထားကာ အခြားမိန်းမပျိုတစ်ယောက်ကို နမ်းရှိုက်နေသည်။နရမဏိရဲ့ကိုယ်ဝတ်အင်္ကျီက လျော့ရဲနေပြီး မိန်းမပျိုတွေရဲ့လက်များက နရမဏိရဲ့ကြံ့ခိုင်လှသော ကြွက်သားများကို ပွတ်သပ်နေ၏။

သူရပြည့်စုံ ကြောင်အသွားပြီး ရာဇ်ရဲ့လက်ဖဝါးက သူရပြည့်စုံ မျက်လုံးတွေကို အုပ်မိုးလာသည်။ရာဇ် သူရပြည့်စုံ နားရွက်နားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now