Part 35

57K 4K 329
                                    

ရာဇ် သူရပြည့်စုံကို ပွေ့ချီကာ ရေချိုးဆောင်တော်ထဲမှ ထွက်ခဲ့သည်။လျှောက်လမ်းတစ်လျောက်တွင် ဘယ်သူမှ ရှိ‌မ‌နေဘဲ လေထုက အေးစိမ့်နေ၏။သူရပြည့်စုံ ခန္ဓာကိုယ်လေးက ကွေးသွားပြီး ရာဇ် ရင်ခွင်ထဲ တိုးဝင်သွားသည်။ရာဇ် သူရပြည့်စုံ နားထင်လေးကို ငုံ့နမ်းသည်။

"အေးလို့လား"

သူရပြည့်စုံ ‌မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ခေါင်းညိတ်သည်။သူရပြည့်စုံ နားရွက်လေးက ရဲရဲနီနေသည်။ရာဇ် ချစ်မြတ်နိုးစွာဖြင့် သူရပြည့်စုံ ပါးပြင်လေးကို နမ်းမွှေးလိုက်သည်။ရာဇ် ခန်းမထဲ ဝင်လာခဲ့သည်။သလွန်ပေါ်တွင်တော့ ငွေရာဇ်က ပြုံးနေပြီး ခွေးလေးကို ပွတ်သပ်နေသည်။

ရာဇ် သူရပြည့်စုံကို သလွန်ပေါ် ကြင်ကြင်နာနာလေး သိပ်လိုက်သည်။သူရပြည့်စုံက ရာဇ်လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားပြီး ရာဇ် သူရပြည့်စုံ ခေါင်းလေးကို အသာပုတ်ပေးသည်။ငွေရာဇ် နှုတ်ခမ်းထောင့်က ကော့တက်‌နေသည်။‌ငွေရာဇ် ခွေးလေးရဲ့နှုတ်သီးလေးကို ပွတ်ကာ မကြားတကြားလေးပြောသည်။

"သူရက အစ်ကိုတော်ကို ဒီလောက်ကပ်နေတာ ရေချိုးဆောင်တော်ထဲမှာ ဘာလုပ်ခဲ့လို့ပါလိမ့်နော်"

"သုံးရက်လုံးလုံး ဘာလုပ်နေခဲ့ကြတာပါလိမ့်"

သူရပြည့်စုံ မျက်နှာက နီရဲသွားပြီး ရာဇ်လက်မောင်းကို လွှတ်ကာ စောင်ထဲ တိုးဝင်သွားသည်။ရာဇ် မျက်နှာက မည်းတက်သွား၏။ရာဇ် ငွေရာဇ်ကို မျက်နှာမည်းကြီးနှင့် ကြည့်လိုက်ပြီး

"မင်း ပါးစပ်ကို ပိတ်ထား!!"

"ဟမ် ကျုပ်က ခွေးကို ပြောနေတာလေ"

ရာဇ် ‌မျက်မှောင်ကြုတ်လိုက်သည်။ငွေရာဇ် ဖြူစင်သူလေးပုံစံနှင့် ပါးစပ်ပိတ်လိုက်၏။သူရပြည့်စုံ ရာဇ် ပေါင်ပေါ် ခေါင်းလေးတင်လာသည်။

"ကိုကိုသခင်ကြီး ကျွန်တော် ခေါင်းကိုက်တယ်"

သူရပြည့်စုံ နဖူးထက် ချွေးစက်လေးတွေ တွဲခိုနေသည်။ရာဇ် သူရပြည့်စုံ နဖူးလေးကို အသာစမ်းလိုက်သည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now