Part 14

60.2K 5.1K 1K
                                    

<Unicode>
သူရပြည့်စုံ နှုတ်ခမ်းလေးဆူလိုက်သည်။ငွေရာဇ်ရဲ့နားရွက်နားလေးကို တိုးကပ်သွားပြီး ခပ်တိုးတိုးပြောသည်။

"ယောကျာ်းလေးတွေကြားမှာ Dirty Talk ပြောတာ ပုံမှန်ပဲမလား"

ငွေရာဇ် အန္တာရယ်အငွေ့အသက်ကို ခံစားရ၍ အစ်ကိုတော်ရဲ့မျက်နှာကို လှမ်းကြည့်လိုက်သည်။အစ်ကိုတော်က သူတို့ကို ကြည့်‌မနေသော်လည်း နားစွင့်နေသည်မှာ သိသာလှသည်။နဖူးရှိ သွေးကြောများမှာမူ ဖောင်းကြွနေ၏။ငွေရာဇ်တစ်ယောက် အစ်ကိုတော်ရဲ့မျက်နှာက မိုးရွာချတော့မည့် မိုးသားတိမ်လိပ်တွေလို မည်းမှောင်နေတာကြောင့် တံတွေးမျိုချလိုက်သည်။

'ကိုယ်တော်ကြီးရယ် ကျုပ်က မရီးတော်ကို မထိရဲပါဘူး စိတ်လျှော့ စိတ်လျှော့'

ငွေရာဇ် သူရပြည့်စုံ ဆုပ်ကိုင်ထားသည့် သူ့လက်ကိုသူ ပြန်ဆွဲယူပြီး ကိုယ်ကို အနောက်သို့ ယို့ကာ အကွာအဝေးတချို့ ထားလိုက်သည်။

"Dirty Talk က ဘာကို ပြောသလဲ သူရ"

"ဩ Dirty Talk ဆိုတာက ညစ်ပတ်တဲ့စကား‌တွေ ပြောတာကို ပြောတာ"

ရာဇ်က သူ့လက်ကိုဆန့်တန်းလိုက်ပြီး သူရပြည့်စုံ လက်ကောက်ဝတ်ကို ဆွဲကာ သူ့ဘက်ကို ဆွဲယူသည်။သူရပြည့်စုံ ကိုယ်လုံးလေးမှာ ရာဇ်ရင်ခွင်ထဲ ဆွေ့ခနဲ ကျရောက်သွား၏။ကောင်ငယ်လေးက အပြစ်ကင်းစင်စွာဖြင့် မျက်တောင်လေးတွေကို တဖျတ်ဖျတ်ခတ်သည်။

"ညစ်ပတ်တဲ့စကားတွေ ပြောရတာကို အရမ်းကြိုက်သပေါ့ အေး ကိုယ်တော် ပြောပေးရော့မယ်"

ရာဇ် နှုတ်ခမ်းထောင့်တွေက အထက်သို့ မှောင်မိုက်စွာ ကော့တက်သွားသည်။သူ့လက်‌‌ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့် ရာဇ် လက်ဖဝါးက အေးစက်မာကျောနေလို့ သူရပြည့်စုံ ကြောက်လန့်သွားပြီး ရှေ့မှ မုန့်ဆီကြော်တစ်ခုကို ကောက်ဝါးလိုက်သည်။

"မင်း စားနေတာက ချီးတွေကွာ လင်ဗန်းထဲက အကုန်လုံးကလည်း ချီးတွေပဲ..."

သူရပြည့်စုံ မျက်နှာက ချက်ချင်းရှုံ့မဲ့သွားပြီး မုန့်ဆီကြော်က မျိုချမရတော့ဘဲ လည်ပင်းတွင် တစ်ဆို့သွားသည်။ကျန်သည့်မုန့်တစ်ဝက်ကို မစားတော့ဘဲ ပြန်ချထားလိုက်သည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now