Part 5

73.3K 5.8K 1.3K
                                    

<Unicode>

ချွင် ချွင် ချွင်......!!!

သူရပြည့်စုံရဲ့အသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ရွှေကြိုးက လှုပ်ခါပြီး တချွင်ချွင်မည်လာ၏။ကြိုးက အဆက်အပြတ်ခါယမ်းနေပြီး လေပေါ်မြှောက်လာကာ လျှပ်စီးအလားလင်းလက်လာ၏။ထိုလူ မျက်လုံးတွေထဲ အံ့ဩမှုတွေ ပြည့်နှက်သွားပြီးမှ သူ့ကို အေးစက်စက်ကြည့်လာသည်။သူရပြည့်စုံ ထိုလူ့ခြေထောက်ကို ဖက်ထားရာမှ လွှတ်လိုက်သည်။ထိုအခါမှ ထိုလူက ဒေါသတကြီး ကြိုးကို ဆုပ်ကိုင်သည်။ကြိုးမှ လျှပ်စီးကြောင်းတွေက ထိုလူ့လက်ကို ထိုးဖောက်သွားပြီး သွေးမည်းတွေက သူရပြည့်စုံ ခြေသလုံးပေါ် ကျလာသည်။

"တောက် !!!"

ထိုလူက ‌‌ဒေါသအထွတ်အထိပ်ကို ရောက်နေဟန်နှင့် တောက်ခေါက်သည်။သူရပြည့်စုံ လန့်သွားကာ တစ်ကိုယ်လုံး တုန်ယင်လာ၏။

ကြိုးက အတောက်ပဆုံးလင်းလက်သွားပြီးမှ ပျောက်ကွယ်သွားသည်။သူရပြည့်စုံ မျက်လုံးတွေ စူးကာ ပြာဝေသွားသည်။သူ့ခြေချင်းဝတ်နှင့်ထိုလူ့ခြေချင်းဝတ်တွင် ခြေချင်းအကွင်းလေး နှစ်ခုသာ ကျန်ရစ်သည်။ထိုလူက ချက်ချင်း ဒူးထောက်ကျသွားပြီး ရင်ဘတ်ကို ဆုပ်ကိုင်ကာ သွေးတစ်လုတ်အန်ထုတ်လိုက်သည်။

"အဟွတ်!!"

သူရပြည့်စုံ ထိတ်ထိတ်လန့်လန့်နှင့် ထိုလူ့ပခုံးကို အသာထိလိုက်သည်။

"ဟို အဆင် အဆင်ပြေရဲ့လား"

ထိုလူက မျက်ထောင့်နီကြီးနှင့်ကြည့်လာပြီး လက်ကို ပုတ်ထုတ်လိုက်၏။သူရပြည့်စုံ ကိုယ်က လွှင့်ထွက်သွားပြီး ပက်လက်လှန်ကျသွားသည်။

ထိုလူက ဘာမှမပြောဘဲ  သူရပြည့်စုံပေါ် ခုန်အုပ်လာပြီး လည်ပင်းကို ဖမ်းဆုပ်ကာ မြေပြင်ပေါ် ဆောင့်တွန်းချလိုက်၏။သူရပြည့်စုံ မျက်လုံးတွေပြာဝေသွားပြီး အသက်ရှူမဝတော့ဘဲ မွန်းကြပ်လာသည်။ထိုလူ့လက်များက သန်မာကြံ့ခိုင်လွန်းသည်။လည်ပင်းတွေက တင်းကြပ်လာပြီး ထိုလူ့လက်ကို ကုတ်ခြစ်ရင်း အားကုန်သုံး ရုန်းကန်သည်။

"မင်း ကိုယ်တော့်ကို ဘာလုပ်လိုက်သလဲ ပြောရော့စမ်း!!"

ထိုလူက ‌ဒေါသမီးလျှံတွေကြောင့် ရူးသွပ်သွားပြီ ထင်ရသည်။‌ကြောက်မက်ဖွယ် အင်အားက ထိုလူ့လက်တစ်စုံတွင် စုစည်းနေပြီး သူရပြည့်စုံ ထပ်သေရတော့မည်။ကြောက်သည်။ရုန်းကန်ကာ အားကုန်အော်ဟစ်လိုက်သည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now