Part 15

61.6K 5K 631
                                    

<Unicode>
မနက်ခင်းနေရောင်များက အခန်းပြတင်းပေါက်ကို ဖြတ်၍ သလွန်ထက်သို့ အသာအယာသက်ဆင်းလာပေသည်။ရာဇ် တစ်ကိုယ်လုံးက ကိုက်ခဲနေပြီး နေသားမကျသည့် နာကျင်မှုကြောင့် မျက်မှောင်ကြုတ်ရင်း မျက်လုံးလေးဖွင့်လိုက်သည်။မျက်စိရှေ့တွင်တော့ ကောင်ငယ်လေးက ရာဇ်လက်မောင်းကို တင်းတင်းကြပ်ကြပ်ဖက်ထားကာ အိပ်ပျော်နေလေသည်။ရာဇ် ကောင်ငယ်လေးဖက်ထားသည့် သူ့လက်ကို ဆွဲထုတ်ပြီး သလွန်ပေါ်ထိုင်လိုက်သည်။

ညမှနာကျင်မှုက ဆိုးဝါးပြင်းထန်လွန်းပြီး အသားတွေကို ဆွဲဖြဲနေသလိုပင်။ရာဇ် အံကြိတ်ကာ ကောင်ငယ်လေးရဲ့ခြေထောက်ကို လှမ်းကြည့်လိုက်သည်။ခြေချင်းဝတ်ထက်မှ တလက်လက်တောက်ပနေသည့်  ရွှေကွင်းက ရာဇ် ဒေါသကို လာဆွနေသည်။ရာဇ် ဒေါသထွက်ထွက်နှင့် ခြေထောက်မြှောက်ကာ ကောင်ငယ်လေးကို သလွန်ပေါ်မှ ကန်ချလိုက်သည်။

ဘုတ်!!

သူရပြည့်စုံမှာ အင့်ခနဲ။

"ဟဘာဖြစ်တာလဲ ငလျင်လှုပ်တာလား!!"

သူရပြည့်စုံ ကြမ်းပြင်‌ပေါ်မှ ငုတ်တုတ်ထထိုင်သည်။သလွန်‌ပေါ်မှ ရာဇ်ကို မြင်တော့  သွားလေးဖြီးကာ ပြုံးပြသည်။နာကျင်သွားသည့် ကိုယ်လုံးလေးကို အသာပွတ်ပြီး မတ်တပ်ရပ်သည်။ရာဇ်က သလွန်ပေါ်တွင် ဒူးတစ်ဖက်ထောင်ထိုင်နေပြီး ဒူးပေါ် လက်လေးတင်ထားသည်။ရာဇ်ရဲ့ ခံ့ညားလှသည့် မျက်ခုံးတွေက စုကြုံ့နေပြီး မျက်လုံးတွေက အေးစက်မှောင်မိုက်နေသည်။

သူရပြည့်စုံ ရာဇ် နဖူးလေးပေါ် လက်ဖဝါးလေးတင်ပြီး အသာစမ်းလိုက်သည်။

"ကိုကိုသခင်ကြီး နေမကောင်းဘူးလားဟင်"

သူရပြည့်စုံ စိတ်ထဲ ဝမ်းနည်းနေတာကြောင့် မျက်နှာကလေးမှာ ခပ်ငယ်ငယ်။ရာဇ် ကောင်ငယ်လေးရဲ့သနားကမားမျက်နှာငယ်လေးကြောင့် စိတ်ထဲမှ အခဲမကျေမှုတွေက ပြေပျောက်သွားပြီး စုကြုံ့နေသည့် မျက်ခုံးလေးတွေက အလိုလိုပြေလျော့သွားသည်။

"ဘာမှမဖြစ်လေဘူး"

"ဟူးး တော်ပါသေးရဲ့ ကျွန်တော် တကယ်တောင်းပန်ပါတယ်"

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now