Part 4

73.2K 5.8K 542
                                    

<Unicode>
ကောင်းကင်တွင် ဆီမီးခွက်ကြီးများ လွှင့်ဝဲနေ၏။သူရပြည့်စုံ ထိုလူ့မျက်နှာကို မြင်ယောင်ပြီး ကြက်သီးဖြန်းလာတာကြောင့် ခေါင်းယမ်းလိုက်သည်။ထိုလူ ပျောက်ကွယ်သွားပြီးတော့ လမ်းမကြီးက ပြန်လည်စည်ကားလာ၏။လမ်းမကြီးထဲ တိုးဝှေ့ဖြတ်ကျော်လာပြီး မြို့ထဲကို အနှံ့လျှောက်သွားသည်။ဝမ်းဗိုက်က တဂွီဂွီမြည်နေပေမဲ့ သရဲဆိုင်တွေမှာတော့ မစားချင်ပေ။

တစ်နေရာအရောက်တွင် သူရပြည့်စုံ ခြေလှမ်းများ တုံ့ခနဲရပ်သွား၏။စူးရှရှညမွှေးပန်းရနံ့က နှာခေါင်းထဲတိုးဝှေ့လာသည်။အနံ့က ပြင်းထန်လွန်းသည်။ညမွှေးပန်းရနံ့ကို မကြိုက်။ခေါင်းတွေ မူးဝေလာသလို ခံစားရသည်။ရှေ့ဆက်လမ်းလျှောက်လာလေ အနံ့က ပြင်းထန်လေ။ဥယျာဉ်ကြီးတစ်ခုကို လှမ်းမြင်ရသည်။ဥယျာဉ်ရှိရင် အသီးများရှိနိုင်သည်။

သူရပြည့်စုံ ဥယျာဉ်ကြီးထဲ လျှောက်လာခဲ့သည်။ထူးဆန်းသည့် သစ်ပင်ကြီးများရှိပြီး ညမွှေးပန်းခင်းကြီးက မျက်စိတစ်ဆုံး ရှိသည်။ညမွှေးပန်းပင်တွေက ရင်ညွှန့်အထိအမြင့်ရှိပြီး ဖွေးဖွေးလှုပ်လှုပ် ပွင့်လန်းနေကြသည်။ပန်းပွင့်တွေက လရောင်အောက်တွင် ပြင်းပြင်းရှရှ မွှေးအီနေ၏။

နှာခေါင်းကို လက်နှင့်အုပ်လိုက်ပြီး ပန်းပင်တွေကြား တိုးဝှေ့လာသည်။တစ်နေရာအရောက်တွင် အနီရောင်အစတစ်စကို မြင်ရသည်။စိတ်ထဲ စူးစမ်းချင်စိတ်တွေ ပြည့်ဝသွားပြီး ထိုအနီရောင်ထံ ပြေးသွားကာ အနီရောင်ကို ဖမ်းဆုပ်လိုက်သည်။

"မင်း ငါ့ဦးထုပ်ပြန်ပေး!!"

အောက်ခြေမှ ဒေါသတကြီးအသံထွက်ပေါ်လာ၏။သူရပြည့်စုံ ခေါင်းငုံ့ကာ အသံရှင်ကို ကြည့်လိုက်သည်။အသံရှင်က အဘိုးအိုတစ်ယောက်။တိတိကျကျပြောရရင် သုံးနှစ်ကလေးအရွယ်အစားခန့်သာရှိသည့် အဘိုးအိုတစ်ယောက်။သူ့ခေါင်းက ပြောင်ဝင်းနေပြီး နှာခေါင်းရှည်ရှည်နှင့် မျက်လုံးပြူးပြူး။သူရပြည့်စုံ ရယ်စရာကောင်းသည့် အဘိုးအိုးပုံစံကြောင့် ရယ်မောလိုက်သည်။

"ဟား ဟား ဘယ်က လူပုလေးလဲ"

သူရပြည့်စုံ တဟားဟားရယ်မောလိုက်၏။အဘိုးအိုက စိတ်ဆိုးသွားဟန်ဖြင့် ခုန်ဆွခုန်ဆွ ခုန်ကာ ဦးထုပ်ကို ပြန်လုသည်။အဘိုးအိုက ခုန်ဆွခုန်ဆွခုန်နေတာကြောင့် ပိုပြီးရယ်ချင်လာသည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now