Part 11

64.9K 5.5K 1.4K
                                    

<Unicode>
ရာဇ် ခန်းမဆောင်ထဲဝင်လာတော့ ကောင်ငယ်လေးကို ညီငယ့်ရင်ခွင်ထဲတွင် တွေ့လိုက်ရသည်။ကောင်ငယ်လေးက တစ်ကိုယ်လုံးတုန်ခါနေပြီး မျက်ဖြူဆိုက်နေသည်။ကောင်ငယ်လေးရဲ့ လက်တွေက ကောက်ကွေးနေပြီး တဆတ်ဆတ်တုန်ယင်နေသည်။ရာဇ် မျက်နှာက ချက်ချင်းမည်းပုပ်သွားပြီး ကောင်ငယ်လေးကို ညီငယ့်ထံမှ လုယူပွေ့ဖက်လိုက်သည်။

သူရပြည့်စုံက အကြောဆွဲနေပြီး တစ်ကိုယ်လုံးက သံချောင်းအလား အေးစက်မာကြောနေသည်။ရာဇ် ကောင်ငယ်လေးရဲ့နဖူးကို သူ့နဖူးနှင့်အသာထိတွေ့လိုက်သည်။

ရာဇ်နဖူးမှ ရွှေရောင်ဖျော့ဖျော့အလင်းတန်းလေးက သူရပြည့်စုံနဖူးထဲဝင်ရောက်သွားပြီး ငြိမ်သက်ပျော့ခွေသွားသည်။ရာဇ် သူရပြည့်စုံ နဖူးလေးကို လက်နှင့်အသာအယာစမ်းသပ်လိုက်သည်။နဖူး‌တွင် ချွေးစက်တို့တွဲခိုနေပြီး ဝါဝါဝင်းဝင်းမျက်နှာလေးက သွေးဆုတ်ဖြူရော်နေသည်။နှုတ်ခမ်းများမှာလည်း သွေးရောင်မရှိ။ရာဇ် စိတ်အခြေအနေက အလွန်ပင်ဆိုးဝါးလာသည်။ရာဇ် မျက်မှောင်ကြုတ်လိုက်ပြီး ကောင်ငယ်လေးကို ပွေ့ချီကာ သလွန်ပေါ် အသာအယာချပေးသည်။သို့သော် ကောင်ငယ်လေးက မလွှတ်ဘဲ ရာဇ်ကိုသာ ကျစ်ကျစ်ပါအောင် ဖက်တွယ်ထားသည်။

"မသွားပါနဲ့"

ကောင်‌ငယ်လေးက ဝေဝေဝါးဝါးရေရွတ်လာ၏။ရာဇ် ခြေချင်းဝတ်မှ ရွှေကွင်းလေးက တစ်ချက်လင်းလက်သွားပြီး ရာဇ်ပါ ကောင်ငယ်လေးကို ပွေ့ဖက်ထားရင်း သလွန်ပေါ်တက်သည်။သလွန်ပေါ်မှ ကတ္တီမွေ့ယာခင်းမှာ အိကျသွား၏။ကောင်‌ငယ်လေးက ရာဇ်ကို ခပ်တင်းတင်းဖက်ထားဆဲ။ရာဇ် စိုးရိမ်ပူပန်စွာဖြင့် ကောင်‌ငယ်လေး ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးသည်။

ငွေရာဇ်က အခြေအနေကို နားလည်စွာဖြင့် ခန်းမဆောင်အပြင်ဘက်သို့ ခြေသံမထွက်အောင် လမ်းလျှောက်၍ ထွက်သွားသည်။

ငွေရာဇ်ကြော့ရှင် စိတ်ထဲတွင်တော့

'ပရလောကသခင်ကြီးက လိပ်ပြာလေးကို ချစ်မြတ်နိုးယုယနေတာများ ကြားလေတောင် တိုးမရတော့ဘူးဗျို့'

ငွေရာဇ်ကြော့ရှင် နှုတ်ခမ်းထောင့်တွေက အထက်ကို ကော့တက်သွားပြီး ဖဲဝါကို သွားပြောရန် စံအိမ်အပြင်သို့ ခပ်သွက်သွက် လျှောက်သွားလေတော့သည်။

ဟိုဘက်ကမ်းက မီးမှိန်မှိန်(Completed)Where stories live. Discover now