💜 2 💜

3.6K 259 10
                                    

💜 2 💜

အဲ့ဒီနေ့က CEO Kim နဲ့ အဖြူရောင်ကောင်ငယ်လေးတို့ စတင် တွေ့ဆုံဖို့ အကြောင်းက ဖန်လာခဲ့သည်။

တကယ်တော့ အဲ့ဒီ့နေ့က အဲ့ဒီနေရာကို ရောက်ခဲ့တာသည် အကြွေးသိမ်းဖို့....

CEO ဆီမှာ ကုမ္ပဏီကို အပေါင်ထားပြီး ငွေချေးထားတဲ့ လုပ်ငန်းအသေးစားလေး တစ်ခုက သူဌေးဖြစ်သူထံသို့ ကတိအခါခါပျက်မှုကြောင့် CEO ကိုယ်တိုင် အိမ်တိုင်ရာရောက် လိုက်လာတဲ့နေ့...

အတန်ငယ်ကျယ်ဝန်းတဲ့ ခြံတစ်ခုထဲသို့ ကားဝင်သွားတယ်ဆိုတာနဲ့ တွေ့မြင်လိုက်ရတာက နှင်းဆီဖြူပန်းခင်းကြီး ... အိမ်ရှေ့ မြေကွက်လပ်မှာ စနစ်တကျစိုက်ပျိုးထားမှုကြောင့် ပန်းတို့ပွင့်ဝေနေကာ မြင်ရသူကို စိတ်ကြည်နူးစေတာတော့အမှန်....

ကားမောင်းနေရင်း ပန်းခင်းကြီးကို လှမ်းကြည့်လိုက်တော့ ပန်းပင်တွေကြားမှာ သူတို့ရှိရာဖက်ကို ကျောပေးထားတဲ့ ကျောပြင်ငယ်လေးတစ်ခု....

ဖြူဆွတ်ဆွတ်အင်္ကျီလေးကို ဝတ်ဆင်ထားကာ ငွေရောင်ဆံနွယ်လေးတွေက လေထဲမှာ တလှုပ်လှုပ်...သူတို့ဝင်လာတာကို သိပုံမရ... ပန်းပွင့်လေးတွေကိုသာ ငုံ့ကြည့်နေရင်း ပန်းခူးနေပုံပေါ်ပါသည်။

အဲ့အချိန်မှာပဲ CEO နှုတ်က ထွက်ကျလာတဲ့ စကားတစ်ခွန်း...

" နှင်းဆီဖြူတွေကြားက အဖြူရောင်အရိပ်ကလေးပဲ... နေရောင်အောက်မှာ တောက်ပနေလိုက်တာ ... သဘောကျဖို့ကောင်းတယ် " တဲ့

ဒါဟာ ဒီကောင်ငယ်လေးရဲ့ ကျောပြင်လေးကိုသာ မြင်ဖူးသေးတဲ့အချိန် CEO စိတ်လိုလက်ရ ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းပါပဲ....

CEO ကိုယ်တိုင် အကြွေးသိမ်းဖို့လာတယ်ဆိုတော့ အိမ်ရှင်တွေဟာလဲ ပြာယာခတ်ခါ တောင်းတောင်းပန်ပန်ပေါ့.... ရက်ရွှေ့ပေးဖို့ အခွင့်အရေးပေးဖို့ စသည်... စသည်...ပိုင်ဆိုင်တာအားလုံး ပုံအပ်ရတော့မှာကိုး... ငိုပြကြ... ရယ်ပြကြ ...
အကြောင်းတွေပြကြ။

အဲ့ဒီ့မှာ သိခဲ့ရတာက သမီးဆေးကုစရိတ်တွေကြောင့် လုပ်ငန်းတွေ ပြန်ရွေးဖို့ နောက်ကျနေရခြင်းအကြောင်းတွေ။ ဇာတ်စုံခင်းပြနေပြီး တောင်းပန်နေပေမယ့် ကျွန်တော်တို့ CEO Kim ကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဖို့သာ တစ်ခွန်းထဲပြောပြီး ခြေချိတ်ကာ မျက်နှာထား တည်တည်နဲ့ ထိုင်နေခဲ့တော့သည်။

လွန် ( vminkook ) Where stories live. Discover now