💜 Extra 💜

1.9K 106 33
                                    

💜

တစ်နှစ်န့်ကြာပြီးနောက်...

Kim မိသားစုပိုင် ကျွန်းကြီး၏ သဲသောင်တစ်ခုပေါ်တွင်...

" မောင့်!! မရဘူးနော် Angel ခွင့်မပြုဘူး "

" ဒီတစ်ခါတည်းပါ Angel ကလဲ ခွင့်ပြုပါကွာ နော် နော် "

" မရဘူးလို့ ပြောနေတယ်နော် မောင့် "

" တစ်ခါတည်းကွာ... Angel စိတ်မချရင် ပဝါပစ်လိုက် အဲ့အချိန် မောင် တန်း ရပ်ပစ်လိုက်မယ် ဟုတ်ပြီလား "

" နောက်တစ်ခွန်း ထပ်မပြောနဲ့တော့ မောင်... Angel ခွင့်မပြုဘူး ပြောပြီးသား ''

" Angel ရေ.. မောင် ဝင် ​ကစားချင်တယ်လို့... ဒါ အပျော်တမ်း ပွဲသေးသေး လေးတွေပါကွာ... "

" မောင် ဘာလို့ အဲ့လောက် ပြောရခက်နေတာလဲ... Angel စိတ်မချလို့ ခွင့်မပြုတာမှန်း မောင် သိနေသားနဲ့ ဘာလို့ ဒါကိုပဲ ထပ်ခါတလဲလဲ ပြောနေရတာလဲ "

" မောင့်အချစ်ရယ်... မောင့် ခြေထောက်တွေ လုံးဝ ကြံ့ခိုင်နေပါပြီ... မောင် Angel ကို သက်သေပြချင်လို့ပါကွာ..နော် ချစ်ဆုံး... ခွင့်ပြုမယ်မလား မောင့်ကို ဟင်... ဟင် ချစ်ဆုံး... ခွင့်ပြုပေးမယ်မလား လို့ "

" တော်ပြီ မောင်ရာ... တမနက်လုံး ဒါပဲ ပြောနေရတာ Angel ထပ် မပြောချင်တော့ဘူး... မောင့်ဘာသာ လုပ်ချင်ရာ လုပ်တော့ "

ငွေရောင်ဖြူလွလွ သဲသောင်ပြင်ပေါ် နေရောင်ကို လှုံနေကြတဲ့ လူအများကြား သဲသောင်ပြင်ပေါ် လမ်းလျှောက်ရင်း စကားအခြေအတင် ဖြစ်နေတဲ့ မောင်နဲ့ မောင့် Angel တို့နှစ်ယောက်။

တိတိကျကျ ပြောရမယ် ဆိုရင်တော့ သောင်ပြင်ပေါ် နေလှုံပြီး Hotel ကို ပြန်တော့မယ့် Angel ကို မောင်က လက်အတင်းလိုက်ဆွဲပြီး မရမက ပူဆာနေခြင်းသာ။

မောင်က လက်တွေကို ဆွဲထားလိုက် Angel က မောင့်လက်တွေကို ဖြုတ်ချလိုက်နဲ့။

မျက်လုံးဝိုင်းလေးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြကာ ပူဆာလိုက်၊ ယုန်သွားလေးတွေ ပေါ်အောင် ရယ်ပြကာ ခွင့်တောင်းလိုက်၊ ပါးချိုင့်ရာ ယေးယေးလေး ပေါ်လာအောင် ပြုံးပြလိုက်နဲ့ မောင်ဟာ ရှိသမျှ တိုက်စစ်အကုန်ဖွင့်ကာ ဉာဏ်များပြနေလည်းပဲ ခုထိ Angel ဆီက ခွင့်ပြုချက်ရမလာသေး။

လွန် ( vminkook ) Where stories live. Discover now