💜 28 💜

1.4K 151 69
                                    

💜 28 💜

" မင်း တကယ်ပဲ ဆေးရုံကဆင်းချင်တာ သေချာလို့လား Jeon Jungkook "

" ဆင်းချင်နေတာ အရင်ရက်ကတည်းကပဲ... ဒီမှာ မွန်းကြပ်လွန်းလို့ မနေချင်တော့ဘူး "

" ပြောမရရင်လဲ ဆင်းပါ... ဒါပေမယ့် လိုအပ်တဲ့ ဆေးကုသမှုတွေကိုတော့ ပုံမှန်လာခံယူမှ ဖြစ်မယ်နော် "

" စိတ်ချပါ အတွင်းရေးမှူး Jin... ကျွန်တော် အဲ့လောက်ထိတော့ မမိုက်မဲပါဘူး... လိုအပ်တာ မှန်သမျှအားလုံး လုပ်မှာပါ... ခုကလဲ သက်သာနေပြီမို့ပါ "

" အပေါ်ယံ ဒဏ်ရာတွေ သက်သာတယ်ဆိုပေမယ့် ​ခြေထောက်က...."

ပြောလက်စကို ရပ်တန့်လိုက်ကာ သံရှည်ဆွဲပြီး စဉ်းစားနေပုံက သူ့ကို ရှေ့ဆက် ပြောဖို့ အားနာနေတာပဲလား... သနားနေတာပဲလား...

ဒါပေမယ့် ဒါ သနားစရာမှ မဟုတ်တာဘဲ...

"အဟင်း... ရပါတယ်... လေ့ကျင့်ခန်း မှန်မှန်လုပ်ရင် ပုံမှန်ပြန်ဖြစ်သွားမှာပေါ့ "

" လေ့ကျင့်ရင် ပြန်ကောင်းမယ်ဆိုပေမယ့် မပေါ့ဆ သင့်ဘူးနော်... ဖြစ်နိုင်ရင် ခြေထောက်အသုံးပြုတာကို တတ်နိုင်သလောက် ရှောင်စေချင်တယ် "

" စိတ်ချပါ အတွင်းရေးမှူး Jin... ကျွန်တော် ကိုယ့်ကိုကိုယ် ဆင်ခြင်နိုင်ပါတယ် "

" ဟုတ်ပါပြီ... ကိုယ်က မင်းအတွက် စိုးရိမ်လို့ ပြောတာပါ... "

" ကျေးဇူးပါ... ကျွန်တော် ဆေးရုံတက်နေရတဲ့ အတောအတွင်း လိုလေသေးမရှိ ဂရုစိုက်ပေးခဲ့လို့လဲ တကယ်ကို ကျေးဇူးတင်နေရပါတယ်..."

" ရပါတယ်... ကိုယ့်အတွက်က အပန်းမကြီးပါဘူး ... ကိုယ် လုပ်ပေးခဲ့တာတွေ အားလုံးက CEO ရဲ့ ညွှန်ကြားမှုတွေပဲမို့ မင်း တကယ် ကျေးဇူးတင်ချင်ရင် CEO ကိုပဲ ကျေးဇူးတင်လိုက်ပါ "

" ကျွန်တော် တစ်ခုလောက် မေးလို့ရမလား အတွင်းရေးမှူး Jin "

" ဘာများလဲ "

" Angel... Angel... အဆင်ပြေနေရဲ့လား... "

လွန် ( vminkook ) Where stories live. Discover now