💜 8 💜

2.3K 206 19
                                    

💜 8 💜

အခန်းထဲကနေ အတွင်းရေးမှူး Jin ထွက်သွားပြီးတာနဲ့ ကုလားထိုင်မှာ ပြန်ထိုင်လိုက်ကာ စားပွဲအံဆွဲထဲက ပဝါလေးကို ထုတ်ယူလိုက်သည်။

ပဝါလေးရဲ့ ထောင့်စွန်းလေးမှာ ရေးထားတဲ့ JK ဆိုတဲ့နေရာလေးကို စူးစူးစိုက်စိုက် ကြည့်ရင်း Taehyung ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိတယ်...

" ငါ ရှာနေတဲ့ အဖြေက မင်းလား Jeon Jungkook... J . K . Jung . Kook .... Jung. Kook...J. K... ဟား ဟား ဟား ဟား... မင်းက ဘာကောင်မို့လို့ ဘေဘီ့ ဘေးမှာ ရှိနေရတာလဲ... ငါ မသိလိုက်တဲ့ ဒီအချိန်ခဏလေးအတွင်း ဘေဘီနဲ့ မင်း ဘယ်အတိုင်းအတာထိ ပတ်သက်နေကြတာလဲ "

ဟားတိုက်ရယ်မောနေရာမှ Taehyung ရဲ့ မျက်နှာဟာ ရုတ်တရက် တည်တင်းသွားကာ လက်ထဲမှာ ကိုင်ထားတဲ့ ပဝါလေးကို လုံးချေပစ်လိုက်သည်။

ပြီး စားပွဲအံဆွဲထဲသို့ ပစ်ထည့်လိုက်ပြီး စားပွဲပေါ် တင်ထားတဲ့ ဖုန်းကိုယူလိုက်ကာ နံပါတ်တစ်ချို့နှိပ်လိုက်ပြီးနောက်

" Hello Leo... မင်းနဲ့ငါ တွေ့ဖို့လိုပြီ "

ရှင်းလင်းတယ် ပြတ်သားတယ် အာဏာဆန်ဆန် အေးစက်စက် အပြောတွေနဲ့ တစ်ခွန်းချင်း ပြောလို့အပြီး ဖုန်းကိုလက်ထဲမှာ တင်းတင်း ဆုပ်ကိုင်ထားကာ နှုတ်ခမ်းတစ်ဖက်တွန့်ရုံလေး ပြုံးလိုက်ပြန်တဲ့ Taehyung ...

သူ ဖုန်းဆက်တဲ့ Leo ဆိုတာကရော...

ဘယ်သူဖြစ်မလဲ....

.
.
.

" ဟိတ်ကောင် မင်း အဲ့အလုံးကြီး ဖယ်လိုက်စမ်းကွာ.... နား နားလေးကနေ ကပ်ကပ်သွားတာ ကြက်သီးထတယ်ကွ "

ဆိုဖာပေါ် ပက်လက်လှန် အိပ်ကာ ရာဘာဘောလုံးအသေးလေးကို နံရံဆီ ပစ်ပေါက်လိုက် ဖမ်းဆုပ်လိုက် လုပ်နေတဲ့ Jungkook ကို မနေနိုင်တော့တဲ့ RM က ဝင်ပြောလိုက်ခြင်းဖြစ်သည်။

မပြောလို့လဲ မဖြစ်တော့ဘူး...

ဒီတိုင်းဆက်လုပ်နေရင် ဘယ်အချိန် အဲ့ဘောလုံးက သူတို့ ခေါင်းကို မှန်းမလဲ မသိ။

RM နဲ့ Suga က ဧည့်ခန်းက စားပွဲမှာ လာထိုင်ကာ ခေါက်ဆွဲပြုတ်သောက်ရင်း Netflix ကြည့်နေကြခြင်းဖြစ်သည်။

လွန် ( vminkook ) Where stories live. Discover now