💜 21 💜

1.6K 173 47
                                    

💜 21 💜


" လွှတ်လို့ ကျုပ်ပြောနေတယ်နော်... ခင်ဗျားတို့ ဒါဘာလုပ်တာလဲ "

" CEO အမိန့်ပါ... အသာတကြည် လိုက်ခဲ့ပေးဖို့ တောင်းဆိုချင်ပါတယ်... "

" ကျုပ်က ဘာကိစ္စ လိုက်ရမှာလဲ... ကျုပ်ကို လွှတ်... အမိန့်တွေဘာတွေ ကျုပ်ကို လာမပြောနဲ့.. ကျုပ်နဲ့ မဆိုင်ဘူး "

" ဒီ့ထပ် ပိုပြီး ရုန်းကန်လာရင်တော့ ကျွန်တော်တို့ အကြမ်းနည်းသုံးရပါလိမ့်မယ်... ဒါကြောင့် အေးအေးဆေးဆေး လိုက်ခဲ့ပါ "

" ဘာဗျ!!! "

လမ်းဘေးမီးတိုင်အောက်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုလေး တစ်ခု။

နှစ်ယောက် တစ်ယောက်ဆိုပေမယ့် Jungkook ဟာလဲ တိုက်ခိုက်ရေးသမားမို့ ဒီနှစ်ယောက်ကို ပြန်တိုက်လိုက်ရင် အလွယ်လေး။

ဒါပေမယ့်လဲ ပြဿနာတွေ ထပ် မကြီးချင်တာကြောင့် ခုခံတယ်ဆိုရုံပဲ ခုခံနေတော့ စနစ်တကျ လေ့ကျင့်ထားတဲ့ တိုက်ခိုက်ရေးသမားတွေ ပီပီ Jeon Jungkook ကို အသာအယာလေး ဆွဲချုပ်ပြီး ကားထဲသို့ တွန်းထည့်လိုက်ကြတော့သည်။

" ဟေ့ကောင်တွေ!!! မင်းတို့ ပါးစပ်တွေ ပိတ်မထားနဲ့ ငါ့ကိုဘာလို့ ဒီလိုတွေ လာလုပ်တာလဲလို့ ငါမေးနေတယ်နော် ဖြေစမ်း!!! "

"......"

" မင်းတို့ နားကန်းနေတာလား !!!! မင်းတို့ ​စောက်ပေါက်တွေ ပိတ်မထားနဲ့... ငါမေးတာ ဖြေလို့... ငါ့ကို မင်းတို့ ဒီလို လုပ်လို့မရဘူးနော်... "

".........."

" ရူးကြောင်ကြောင် အကွက်တွေနဲ့ အမိန့်ဆိုပြီး ငါ့ကို ကားထဲ ဆွဲထည့်ရအောင် မင်းတို့က ဘာမို့လို့လဲ... ခေါ်လိုက်စမ်း အဲ့ CEO ဆိုတဲ့ လူကို... ကြားလား ငါပြောနေတာ "

ဝုန်းးး!!!!

သူဘယ်လောက် အော်မေးမေး သူ့အသံကို မကြားသလိုလုပ်ကာ ဘာတစ်ခွန်းမှ ပြန်မပြောလေတော့ Jungkook စိတ်တိုတိုနဲ့ ကားရှေ့ခုံရဲ့ နောက်မှီကို ခြေထောက်နဲ့ အားရပါးရ ကန်ပစ်လိုက်တော့သည်။

သူ ဘယ်လောက် သောင်းကျန်းနေနေ ဘေးက လူနှစ်ယောက်ကတော့ တုတ်တုတ်မလှုပ်။

လွန် ( vminkook ) Where stories live. Discover now