💜 22 💜

1.8K 152 46
                                    

💜 22 💜

With you သီချင်းသံတိုးတိုးလေး ဖွင့်ထားတဲ့ Pasta ဆိုင်လေးထဲမှာ စိတ်လှုပ်ရှားခြင်းများစွာနဲ့ ထိုင်နေကြတဲ့ ကောင်လေးနှစ်ယောက်...

တိတ်ဆိတ်နေတဲ့ ဆိုင်လေးထဲမှာ ကိုယ်ချစ်ရသူနဲ့ နှစ်ယောက်ထဲရှိနေပါလား ဆိုတဲ့ အသိဟာလဲ ရင်ခုန်နှုန်းတွေပိုတိုးလာအောင် ပံ့ပိုးပေးနေသလိုပါပဲ...

ကိုယ့်ရင်ခုန်သံကို ကိုယ်တိုင်ပြန် ကြားယောင်နေရတဲ့ အခိုက်အတန့်မှာ တစ်ဖက်လူရော ကိုယ့်ရင်ခုန်သံကို ကြားသွားမလားဆိုတဲ့ စိတ်နဲ့ ရှက်ရွံ့နေရတာဟာလဲ feeling တမျိုး....

ဒီ Pasta ဆိုင်လေးထဲမှာ နှစ်ယောက်ထဲ ရှိနေရတာကတော့ ဆိုင်ရှင်လေး Jeon Jungkook ရဲ့ လက်ချက်ပေါ့။

ဆိုင်ထဲအဝင်မှာ Jungkook ရဲ့ လက်လေးတစ်ဖက် လှုပ်ရှားလိုက်တာကြောင့် ဆိုင်တံခါးမှာ ချိတ်ဆွဲထားတဲ့ Open ဆိုတဲ့ စာတန်းလေးဟာ

ခုတော့ဖြင့် လမ်းမကြီးဘက်ကို မျက်နှာမူနေတာ Close တဲ့။

Jimin မှာ အရင်ကတော့ Jungkok နဲ့ သူငယ်ချင်းတွေအဖြစ် ခဏတိုင်းတွေ့ဖြစ်နေကြပေမယ့် ခုလို ချစ်သူရည်းစားအနေနဲ့ တရားဝင် တွေ့ဆုံတာဟာ ပထမဆုံးမို့ သူ့မျက်နှာကို ရဲရဲတင်းတင်း မကြည့်ရဲ။

ချစ်သူအဖြစ်တရားဝင် First Date လေးမလား..

ဒီအတွေးတွေကပဲ Jimin ရဲ့ ရှက်ရွံ့စိတ်ကို ပိုတိုးလာစေသလား မသိ။

ကူး ကိုယ်တိုင်ဖျော်ပေးထားတဲ့ အသည်းပုံဖော်ထားတဲ့ ကော်ဖီခွက်လှလှလေးကိုသာ တွင်တွင်ငုံ့ကြည့်ရင်းမှ သူ ခေါင်းမဖော်ရဲ...

Jungkook မှာလဲ မျက်စိရှေ့က အရှက်သည်းနေတဲ့ အလှတရားလေးကို မျက်စိမလွှဲနိုင်အောင်ပါပဲ...တစိမ့်စိမ့် ထိုင်ကြည့်ရင်း ဒီအဖြူရောင်လေးကို သူ တကယ်ပဲ ပိုင်ဆိုင်နိုင်ပြီဆိုတဲ့ သိစိတ်နဲ့ ရင်ထဲမှာ တသိမ့်သိမ့်လှိုက်ခုန်နေရတယ်။

တစ်ဖက်က ကော်ဖီခွက်လေးရဲ့ လက်ကိုင်ကွင်းလေးကို ကိုင်ထားကာ တစ်ဖက်က စားပွဲပေါ်မှာတင်လို့ထားတဲ့ Angel ရဲ့ ပြည့်ပြည့်ဖောင်းဖောင်းလေး ဖြစ်နေတဲ့ လက်ဖြူဖြူနုနုလေးကို ကြည့်ပြီး Jungkook တစ်ယောက် မနေနိုင်စွာ လှမ်းကိုင်လိုက်မိသည်။

လွန် ( vminkook ) Onde histórias criam vida. Descubra agora