💜 16 💜

1.7K 156 28
                                    

💜 16 💜

ပထမဆုံး ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခုကို ထုတ်ဖော်ဖွင့်ဟလိုက်မိလို့ အငြင်းခံလိုက်ရတဲ့အပြင် သူငယ်ချင်းအဖြစ်ကနေတောင် ရှိနေပေးဖို့ မသေချာတော့တဲ့ အခြေအနေနဲ့ တွေ့ကြုံခဲ့ရတဲ့ Jungkook ဘက် မှာရော ငြိမ်သက်အေးဆေးနေလိမ့်မယ်လို့ ထင်ပါသလား...

ထိုးနှက်ချက်ပေါင်းစုံနဲ့ သူ့မှာလဲ အလဲလဲ အပြိုပြိုပါပဲ...

Angel အိမ်ရှေ့က အပြန် ဦးတည်ရာမရှိ ကားလျှောက်မောင်းနေခဲ့ပြီး ညနေစောင်းမှ အခန်းကို ပြန်ရောက်ခဲ့တဲ့ Jungkook ...

ခရီးရောက်မဆိုက် ဆီးကြိုနေခဲ့တဲ့ သတင်းစကားတစ်ခုက သူ့အတွက်တော့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရသလိုပါပဲ။

အခန်း Password ကိုနှိပ်၍ အထဲကိုဝင်လိုက်တော့ ဧည့်ခန်းထဲမှာ RM နဲ့ Suga က သူအလာကို စောင့်နေကြလေသည်။ နှစ်ယောက်လုံး မျက်နှာတွေကတော့ မကောင်းကြ။

" မင်းတို့ ရောက်နေကြတာလား "

အားအင်တွေ ကုန်ဆုံးသွားသလိုမျိုး ချည့်နဲ့နေတဲ့ ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်း လှမ်းဝင်လာတဲ့ သူ့ကို နှစ်ယောက်လုံး အကဲခတ်နေကြတာကို သိပေမယ့် အသိအမှတ်ပြုတယ်ဆိုရုံ နှုတ်ဆက်ခဲ့ပြီး အိပ်ခန်းထဲသို့ ဝင်လာလိုက်သည်။

ကုတင်နားကိုအရောက် အပေါ်ထပ်ကုတ်ကို ချွတ်မယ်ဆိုပြီး လက်လှမ်းလိုက်မှ အင်္ကျီပါမလာတာကို သတိကရသည်။

Angel ဆီမှာ ကျန်နေခဲ့တာပဲ...

Angel ဆီ စိတ်ရောက်သွားတော့ Angel ပြောလိုက်တဲ့ စကားတွေက နားထဲပြန်ကြားယောင်လာပြန်သည်။

ထိုအခါ အသက်ရှူရခက်လောက်အောင် လှိုက်တက်လာတဲ့ ဝမ်းနည်းစိတ်တွေကြောင့် ကိုယ်ပေါ်က အင်္ကျီကို ဖြစ်သလို ဆွဲချွတ်ပစ်လိုက်ကာ ကုတင်ပေါ်သို့ ပစ်ပေါက်လွှင့်ပစ်လိုက်သည်။

ချီးပဲကွာ.... ငါ့ အလှည့်ကျမှ အချစ်က ဘာလို့ အဲ့လောက်ကံဆိုးနေရတာလဲ...

လွန် ( vminkook ) Where stories live. Discover now