💜 11.2 💜

1.9K 178 13
                                    

💜 11.2 💜

" အဲ့လိုမှ မင်းတို့ဘက်က ဆက်ပြီး ခေါင်းမာနေအုံးမယ်ဆိုရင် စာချုပ်ဖျက်သိမ်းဖို့ပဲ ရှိတော့တာပေါ့ "

အလိုလိုမှ နည်းပြ ပြောင်းမယ့်ကိစ္စကြောင့် စိတ်တွေ မကြည်နေပါဘူးဆို စာချုပ်ဖျက်မယ့် ကိစ္စပါ ထပ် ပြောလာတော့ Jungkook ဒေါသက ဒီဂရီမြင့်သွားလေပြီ။

" ဘာဗျ !! အဲ့လို တဖက်သတ်ကြီး စာချုပ်ဖျက်သိမ်းတာ ဘယ်မှာ ရှိလို့လဲ...ခင်ဗျားတို့နဲ့ စာချုပ် ချုပ်တုန်းကရော နည်းပြ ပြောင်းပါမယ်လို့ ပါသလား... စာချုပ်မချုပ်ခင်ကတည်းက ကျုပ်ရဲ့ နည်းပြနဲ့ပဲ လေ့ကျင့်ပါ့မယ် ပြောပြီးသား... ဒါကိုလဲ ခင်ဗျားတို့ကိုယ်တိုင် သဘောတူထားပြီးသား... သဘောတူလို့လဲ စာချုပ် ချုပ်ဖြစ်ကြတာ... အခုမှ ဘာ ထ ဖြစ်နေတာလဲ... ဒါ အလုပ် လုပ်နေတာနော် ခင်ဗျားတို့က ထောက်ပံ့ပေးနေရတယ်ဆိုပြီး တဖက်သတ် အနိုင်ပိုင်းဖို့ မကြိုးစားနဲ့... ဒါ လုပ်ငန်းကြီး လုပ်နေတဲ့ လူတွေရဲ့ အပြုအမူ မဟုတ်ဘူး "

" ငါတို့ အလုပ် လုပ်ပုံကို မင်းဘက်က ဝေဖန်စရာ မလိုဘူးနဲ့တူတယ်နော် Jeon Jungkook ... ငါတို့ ထောက်ပံ့ပေးနေသ၍ ငါတို့မကြိုက်တာတွေ ပြင်ဖို့ ငါတို့မှာ အခွင့်ရှိတယ်..."

" ဒါဆို စာချုပ်မချုပ်ခင် ကတည်းက ညှိနှိုင်းလေ... တရားနည်းလမ်းကျကျ လုပ်မှပေါ့... ကျုပ်ဘက်ကလဲ စာချုပ်မချုပ်ခင် ကျုပ်လိုချင်တဲ့ အခြေအနေတွေ အကုန်ပြောပြထားတယ် ခင်ဗျားတို့ သဘောတူပါတယ်ဆိုလို့ လက်မှတ်ထိုးတယ်... အခုမှ ဗလောင်းဗလဲတွေ လာမလုပ်ကြနဲ့ "

" အေး စာချုပ် ချုပ်တုန်းကတော့ မင်း အရည်အချင်းတွေအရ ထပ်ပြီး တိုးတက်လာအုံးမယ်ဆိုတာ ယုံကြည်လို့ လက်ခံပေးခဲ့တာလေကွာ... ခု ငါတို့ မျှော်လင့်သလိုမှ ဖြစ်မလာတာ... ဒီတော့ ငါတို့ နည်းပြ ပြောင်းပေးတာ နည်းလမ်းကျတယ်လေ... ဟူး... ဒီစကားတွေပဲ ထပ်တလဲလဲပြောနေရတာ စိတ်ကုန်လာပြီကွာ ... ငါ ဘယ်လို လူတွေနဲ့ စကားပြောနေရမှန်းကို မသိတော့ပါဘူး ကွာ... လူ ကြည့်တော့ ဘာမှ ဖြစ်မလာသေးဘူး ကိုယ့်ကိုကိုယ် ဘဝင်ခေါင်ခိုက်နေပြီး မာနက ကြီးပြချင်နေကြသေးတယ်"

လွန် ( vminkook ) Where stories live. Discover now