💜 23 💜
" လိုက်ပို့ပေးလို့ ကျေးဇူးနော် မောင် "" ကျေးဇူးတင်ရင် အာဘွား ပေး "
" ဆိုးလိုက်တာ "
" ချစ် လို့ ပါ ကွာ... "
မောင့်ရဲ့ Pasta ဆိုင်လေးထဲမှာ နှစ်ယောက်သား စိတ်ကြိုက် သောင်းကျန်းထားခဲ့ပြီး ညနေ အိမ်ပြန်ချိန်မှာ မောင်က အိမ်ကို လိုက်ပို့ပေးခြင်း ဖြစ်သည်။
အိမ်ရှေ့ထိ ရောက်နေတာတောင် ကားထဲက ထွက်လို့မရအောင် သူရှိရာ ကားတစ်ဖက်ခြမ်းမှာ ကားတံခါးကို ဖွင့်လို့ ကားဘော်ဒီကို မှီပြီး လက်တစ်ဖက်က ကားတံခါးပေါ် ထောက်ထားကာ ရှေ့က ပိတ်ရပ်ထားတဲ့ မောင်ရယ်ပါ...
" လိုက်တယ် "
" အင်...ဘာလဲ "
ဘာကိုဆိုလိုမှန်းမသိလို့ မေးလိုက်တော့ သူဝတ်ထားတဲ့ မောင့်အင်္ကျီအကြီးကြီးကို မေးငေါ့ပြပြီး
" မောင့်အင်္ကျီအကြီးကြီးထဲမှာ Angel ခန္ဓာကိုယ်လေး မြုပ်နေတာ အရမ်းမိုက်တာပဲ "
" မိုက်စရာလား... ဒီလောက် ပွနေတဲ့ အင်္ကျီကြီး ဝတ်ထားတာကို "
" Angel နဲ့ လိုက်တယ် "
ဆိုင်မှာပဲ ရေချိုးကာ သူ့အင်္ကျီက ပြန်ဝတ်လို့ မရအောင်ထိ ဂျုံတွေပေနေတာမို့ မောင့်အင်္ကျီအကြီးကြီးကို ယူဝတ်ထားခြင်းဖြစ်သည်။
အရပ်နဲ့ ခန္ဓာကိုယ် ကွာဟမှုကြောင့် မောင့်အင်္ကျီဟာ သူ့ကိုယ်ပေါ်မှာ အတော်လေး ပွပြီး ရှည်လို့နေသည်။
ခါးအရှည်ကလဲ တင်ပါးကို ကျော်လို့ ပေါင်တစ်ဝက်လောက်အထိဖုံးနေကာ လက်ကလဲ သူ့လက်ဖျားတွေထက်ကို ကျော်ကာ ရှည်ကျလို့။
ဒါကို ကြည့်ပြီး ဆိုင်မှာကတည်းက မောင်က လိုက်စ နေခဲ့တာ...
" ဖယ် အိမ်ထဲဝင်တော့မယ် "
ရယ်ကျဲကျဲလုပ်နေတဲ့ မောင့်ကို မျက်စောင်းထိုးကာ ရှေ့က ပိတ်ရပ်ထားတဲ့ မောင့်ကို တွန်းဖယ်လိုက်ပြီး ကားထဲက တိုးထွက်လိုက်တော့ မောင်က ဖယ်မပေးဘဲ ဆက် ပိတ်ထားသည်။
" အိမ်ထဲ ဝင်ချင်ရင် မောင့်ကို အာဘွားပေး... အာဘွားရမှ ဖယ်ပေးမယ် "