💜 18 💜
ည...
မိုးသားတိမ်လိပ်တို့ ကင်းစင်၍ ကြယ်တာရာတို့ လင်းလက်နေကာ လခြမ်းကွေးလေးရဲ့ အလင်းရောင်က ကမ္ဘာမြေပြင်ကြီးအပေါ် ပျပျလေး ထင်ဟပ်လို့နေသည်။
ဒီလို သာသာယာယာညလေး တစ်ညမှာ မိုးပြာရောင် တိုက်အိမ်လေးရဲ့ ရှေ့က အဖြူရောင် ဒန်းစင်လေးပေါ်မှာ ဖုန်းပြောနေတဲ့ အဖြူရောင်အရိပ်ကလေး...
သေချာပေါက် မျက်နှာနုနုလေးမှာ အပြုံးရိပ်တို့ ခိုတွယ်လို့ပေါ့။
ဖုန်းပြောရင်း လက်ထဲမှာလဲ နှင်းဆီဖြူလေးတစ်ပွင့်ကို ကိုင်ထားကာ လှည့်ပတ်ဆော့ကစားလိုက် နှာတံလှလှလေးနဲ့ ထိကပ်ကာ နမ်းရှိုက်လိုက်ဖြင့် ဘေးပတ်ဝန်းကျင်ကိုလဲ မေ့လျော့နေဟန်ပါပဲ။
ဒီမြင်ကွင်းလှလှလေးကိုတော့ နှစ်အိမ်ကူးရာ တံခါးပေါက်ရဲ့ ဘောင်ကို ကျောမှီလို့ လက်ပိုက်ပြီး ကြည့်နေတဲ့ လူတစ်ယောက် ရှိနေလေသည်။
မှောင်ရိပ်ကျနေလေတော့ သူ့မျက်နှာ အရိပ်အကဲကိုတော့ဖြင့် သေချာမမြင်ရ။
သူ့မျက်နှာလေးဟာ
ပြုံးနေမလား....
တည်နေမလား...
ဒေါသတွေနဲ့ ခက်ထန်နေမလား....
ဒါမှမဟုတ်
သူ့ရဲ့ မူပိုင် အပြုံးလေးနဲ့ပဲ ခပ်မဲ့မဲ့လေး ပြုံးနေမလား....
သေချာတာ တစ်ခုကတော့ အမှောင်ထဲမှာတောင် စူးရဲနေတဲ့ သူ့ရဲ့ မျက်ဝန်းအကြည့်များ...
သတိမထားမိတဲ့ အဖြူရောင်လေးကတော့ ဖုန်းပြောမပျက်။
ခပ်ကြာကြာ စိုက်ကြည့်ပြီးတဲ့နောက် ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ကို ထည့်လို့ စီးကရက်တစ်လိပ် လက်ကြားညှပ်ကာ လာရာလမ်းအတိုင်း လှည့်ထွက်သွားလေတော့သည်။
တကယ်လို့ သူ ရှေ့ဆက်တိုးလို့ အဖြူရောင်လေးနားကို ရောက်လာခဲ့ရင်တော့ ကြားရမယ့် စကားသံတွေက