💜 36 💜

1.5K 162 46
                                    

💜 36 💜

" ကျုပ် မယုံဘူး "

" သား ယုံကြည်လာဖို့ Daddy အားလုံးကို ရှင်းပြပါ့မယ်ကွယ်... "

ထင်မှတ်မထားတဲ့ စကားတွေကို ကြားလိုက်ရလို့ ထင်ရဲ့ စောစောက သောင်းကျန်းဖို့ပဲ တာစူနေတဲ့ Taehyung  ဟာ ငြိမ်ကျသွားကာ နေရာမှာတင် မလှုပ်မယှက်။

Mr.Kim ကတော့ ဓာတ်ပုံထားရာ စင်လေးဘေးမှာသာ ရပ်နေပြီး သားဖြစ်သူရဲ့ တုန့်ပြန်လာမှုကို အကဲခတ်နေလေသည်။

Jin ဟာလဲ နဂိုရပ်နေရာအတိုင်း ဆိုဖာတွေရဲ့နောက်မှာ မတ်တပ်ရပ်လျှက်သား။

Taehyung ဟာလဲ ဝင်ထိုင်လိုက်ဖို့ကို သတိမရလေဟန်ဖြင့် ခေါင်းကြီးငုံ့ပြီး ငြိမ်သက်စွာ ရပ်နေလေသည်။ သူ့ပုံစံဟာ အတွေးနက်နေသူတစ်ယောက်လို... မျက်ခုံးတွေချင်း ထိစပ်လုထိ မျက်မှောင်တွေကို ကျုံ့ထားသေးသည်။

အားလုံးဟာ မတ်တပ်အနေအထားတွေနဲ့ အတွေး အမြင်ကိုယ်စီဖြင့် တစ်နေရာစီမှာ...

အခန်းလေးဟာလဲ အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်နေလေသည်။

အတန်ကြာမှ ဖြည်းညှင်းစွာ လှုပ်ရှားလာတဲ့ Taehyung  က နီးရာ ဆိုဖာတစ်ခုပေါ်မှာ ဝင်ထိုင်လိုက်ကာ မေးခွန်းတစ်ခုကို စတင်မေးလာလေသည်။

" အဲ့ဒီ ညီအစ်ကို ဆိုတဲ့ ကိစ္စတွေထက် hyung က ဘာလို့ ခင်ဗျားနဲ့ အတူရှိနေရတာလဲဆိုတာကို အရင်ဖြေပါ "

သံသယတွေများတတ်တဲ့၊ တဖက်သားကို အလွယ်တကူ ယုံကြည်မပေးတတ်တဲ့ Taehyung လို လူတစ်ယောက်အတွက် အရင်းနီးဆုံး လူလို့ သတ်မှတ်ထားတဲ့ ၊ အယုံကြည်ရဆုံးပါလို့ ခံယူထားတဲ့ Jin ကို အဖေဖြစ်သူအနားမှာ တွေ့လိုက်ရခြင်းက Jeon Jungkook က သူ့ရဲ့ ညီ ဆိုတဲ့ ကိစ္စထက်ကို ပိုပြီး စိတ်ထဲရောက်နေဟန်ရှိရဲ့။

" ကျုပ် မေးနေတယ်လေ "

နှစ်ယောက်လုံးဆီမှ အဖြေထွက်မလာတော့ Taehyung  ရဲ့ စိတ်မရှည်တတ်တဲ့ အသံသြသြ
က ထပ် ထွက်လာခဲ့သည်။

ထိုအခါမှ ဓာတ်ပုံတွေတင်တဲ့ စင်လေးနားမှာ ရပ်နေတဲ့ Mr.Kim က ဆိုဖာမှာ ဝင်ထိုင်လိုက်ပြီး

လွန် ( vminkook ) Where stories live. Discover now