💜 27.2 💜

1.3K 125 59
                                    

💜 27.2 💜


" MD... MD.. အထဲကို လူတစ်ယောက် ဝင်လာပါတယ် "

" ဘာ!!!.... ချီးးးပဲကွာ... ဒီလူလေးတစ်ယောက်လောက်ကို မင်းတို့ မထိန်းနိုင်ဘူးလား... ချီးမလို့ ငါ့လာပြောနေတာလား ဟမ်!! "

" ဟို ဟို MD သတိထားရအောင်လို့ လာပြောပေးတာပါ MD "

" သတိထားရမှာက မင်းတို့... ပေးထားတဲ့ ပိုက်ဆံနဲ့ တန်အောင် တာဝန်ကြေကြေလုပ်ကြ...မဟုတ်လို့ကတော့ မင်းတို့ အကုန်လုံးကို အသေသတ်ပစ်မယ်... "

Jimin မှာ သူတို့ချင်း စကားပြောနေခိုက် စားပွဲပေါ်က ကုန်းထကာ ရှေ့က MD ရဲ့
ပေါင်ခွကြားကို ခြေထောက်နဲ့ ကန်ချလိုက်သည်။

အားနဲ့ ကန်လိုက်တာမို့ MD မှာ အလစ်အငိုက်ခံလိုက်ရပြီး ခန္ဓာကိုယ်ကြီး ကိုင်းကျသွားကာ ကုန်းကွကွကြီး ဖြစ်လို့။

အဲ့ဒီ့အချိန်မှာပဲ Jimin စားပွဲပေါ်မှ ခုန်ဆင်းလိုက်ကာ အခန်းထဲမှ အပြေး MD က

" အပြင်မှာ ဘယ်သူရှိလဲ ဖမ်းစမ်း အဲ့ကောင်ကို မလွတ်စေနဲ့ ဖမ်းထားစမ်း "

နာနေတာမို့ လမ်းလဲ မလျှောက်နိုင်ဘဲ ခုန်ဆွဆွလုပ်ကာ အပြင်က သူ့လူတွေကို လှမ်းအော်တော့ အခန်းအပြင်မှာ စောင့်နေဟန်ရှိတဲ့ လူနှစ်ယောက်က ပြေးဝင်လာပြီး Jimin ကို ထပ်မံဖမ်းဆီးလိုက်ပြန်သည်။

ထိုလူနှစ်ယောက်ကပဲ Jimin ကို တစ်ဖက်တစ်ချက်ဆီမှ ဖမ်းချုပ်ထားကာ MD အနားကို ဆွဲခေါ်သွားတာကြောင့် အနားရောက်လာတဲ့ သူ့ကို MD က ခေါင်းနောက်ကနေ ဆံပင်တွေကို ဆွဲဆောင့်ပြီး စားပွဲနဲ့ ခေါင်းကို ဆောင့်တိုက်ချပစ်လိုက်သည်။

" အင့်ကွာ..ငါ့လက်က ပြေးချင်အုံး "

ဒုန်းးး

" အားးးး "

Jimin ရဲ့နာနာကျင်ကျင် အသံလေး အခန်းထဲမှာ ပြန့်နှံ့သွားရတော့သည်။

" Angel..."

" Angel ဘယ်မှာလဲ "

" ​Angel ..."

လွန် ( vminkook ) Where stories live. Discover now