အခန်း(၂) အဖေတို့က ယိလင်ကို ကာကွယ်ဖို့ပဲ သိတယ်

2.4K 211 2
                                    

အခန်း(၂) အဖေတို့က ယိလင်ကို ကာကွယ်ဖို့ပဲ သိတယ်

ထိုစကားများကို ကြားသောအခါ ဝမ်းနွမ် ခေတ္တ ရပ်တန့်သွားပြီး ပြန်ပြောလိုက်ပါသည်။ "ကောင်းတာပေါ့။ စားပြီးသွားတော့ ကောင်းတာပေါ့။ သား အစားကောင်းကောင်းစားရင် လက်တွေ ပြန်ကောင်းသွားမှာပါ။ စိတ်မပူနဲ့။ သားအဖေက သားအတွက် အကောင်းဆုံး ခွဲစိတ်ဆရာဝန်ကို ဆက်သွယ်ထားပြီးပြီ"

မိုရှစ်ယွင်ကို ဝမ်းနွမ် သိပါသည်။ သူမ အိမ်ရဲ့ အိမ်စေတစ်ယောက်ဖြစ်သူ ဒေါ်လေးမို၏ သမီးဖြစ်သည်။

ဒေါ်လေးမိုက သနားစရာ အမျိုးသမီးဖြစ်၏။ သူမရဲ့ ခင်ပွန်းက ဆုံးပါးသွားပြီဖြစ်ကာ သူမရဲ့ ကလေးကို သူမတစ်ယောက်တည်း ပျိုးထောင်ခဲ့ရသည်။ ထိုအကြောင်းအရင်းကြောင့်ပဲ ကျမ့်မိသားစုဆီမှာ အိမ်စေလုပ်သောအခါ သူမရဲ့ သမီးလေးကိုပါ အတူတူ နေခွင့်ပေးဖို့ တောင်းပန်ခဲ့ခြင်းဖြစ်သည်။

ဝမ်းနွမ်လည်း မငြင်းခဲ့ပါ။ ဒေါ်လေးမိုက အလုပ်ကို လုံ့လရှိရှိ လုပ်သူဖြစ်၏။ ကလေးတစ်ယောက် ပိုပါလာလျှင် ကျွေးစရာ ပါးစပ်ပေါက် တစ်ပေါက် ပိုလာရုံပဲ ရှိပါသည်။ ကလေးတစ်ယောက်ဆိုသဖြင့် အစားကြီးမှာလည်း မဟုတ်ပါ။ ကျမ့်မိသားစုက အဲဲ့လောက် ငွေမရှားပါ။

မိုရှစ်ယွင်နဲ့ ကျမ့်ယွင်နော်တို့က အသက်တူကြပြီး ရင်းနှီးကြသည်။

ဒီတစ်ခေါက် ကျမ့်ယွင်နော်နဲ့ ကျမ့်ယိလင်တို့အကြား ခိုက်ရန်ဖြစ်ပွားမှုကလည်း မိုရှစ်ယွင်ကြောင့်သာ ဖြစ်သည်။ သို့သော်လည်း သူမ မိုရှစ်ယွင်ကို အပြစ် တင်လို့မရမှန်း ဝမ်းနွမ်သိသည်။ သူမရဲ့ သမီးကသာ အလွန်သဘောထား သေးသိမ်လွန်းတာ ဖြစ်နေသောကြောင့်ပင်။ သူမ အစ်ကိုက သူမကို ဘယ်လောက်ပဲ ချစ်ပါစေ၊ တခြားသူငယ်ချင်းတွေ မထားရဘူးဆိုတာတော့ မဟုတ်သေးပါ။

ကျမ့်ယွင်နော်က ရုတ်တရက် ပြောလိုက်သည်။ သူ့အသံက တိုးညှင်းပြီး အသက်မဲ့လွန်း၏။ "ကျွန်တော့်ကို မလိမ်ပါနဲ့။ ကျွန်တော့်လက်ထဲက အာရုံကြောတွင် ပျက်စီးသွားပြီ. ပြန်ကောင်းလာဖို့ နည်းလမ်းမရှိတော့ဘူး။ ကျွန်တော်ဂီတကို ထပ်ပြီး ထိတွေ့လို့ ရမှာ မဟုတ်တော့ဘူး! ကျွန်တော် ဒုက္ခိတ ဖြစ်သွားတော့မှာ!"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now