အခန်း(၄၅) ဆရာရှန်းရဲ့ လက်ဆောင်(၁)

1.4K 164 0
                                    

အခန်း(၄၅) ဆရာရှန်းရဲ့ လက်ဆောင်(၁)

စနေနေ့ မနက်တွင် ကျမ့်ယိလင်ကို လာခေါ်ဖို့ အဘိုးကျမ့်တို့ အိမ်သို့ ယွီရှိ ရောက်လာခဲ့သည်။

အဘွားကျမ့်က သူ့ကို အကြိမ်ကြိမ် မှာနေပါသည်။ "ယွီရှိ။ ယိလင်လေးကို နင့်ဆီ အပ်ထားမယ်နော်။ သူက ငါ့အသဲတုံးလေး။ သူ့ကို ဂရုစိုက်နော် ။ တစ်ခါတစ်လေ နင်တို့ လူငယ်တွေ ကျင်းပတဲ့ ပါတီပွဲတွေက ကြမ်းတမ်းလွန်းပါတယ်အေ"

"အဘွားကျမ့် စိတ်ပူပါနဲ့ဗျာ။ အဲ့တာက တခြားသူတွေ ကျင်းပတဲ့ ပါတီပါ။ ဆရာရှန်းအတွက် ကျင်းပပေးတဲ့ ပါတီက အဲ့လိုဘယ်ဖြစ်လို့ရပါ့မလဲ။ စုံတွဲကပွဲထက်တောင် ပိုအေးချမ်းစေရမယ်လို့ ကတိပေးပါတယ်ဗျာ! လူတွေ အတူတူ စုပြီး ကစားပွဲတချို့ ကစားနိုင်မယ့် အခွင့်အရေးလေးတစ်ခုပါ။ ဘာပြဿနာမှ မဖြစ်စေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်။ အရက်တွေဘာတွေလည်း မပါစေရဘူး"

ကျိုက်ယွင်ရှန်းက အရက် မသောက်ပါ။ ဒါလူတိုင်း သိပါသည်။

ယွီရှိက ကျမ့်ယိလင်လေးကို ဘေးချဉ်းကပ်လျက်ရှိ ယွီအိမ်တော်သို့ ခေါ်လာခဲ့ပါသည်။

ကျမ့်မိသားစုအိမ်တော်ဟောင်းလိုပင် ယွီအိမ်တော်ကလည်း ဥရောပ စတိုင်ဖြစ်သည်။

အိမ်ဝန်းကြီးတစ်ခုလုံးကလည်း ထိုစတိုင်မျိုးပဲ ဖြစ်ပါသည်။ အိမ်ဝန်းထဲမှာ နှင်းဆီပန်းများစွာကို စိုက်ပျိုးထားသည်။ ထို့အပြင် အသေးစား နှင်းဆီပန်းပွင့်လေးများကလည်း ဥယျာဉ်ထဲက နံရံတစ်ပေါ်တွင် ဖုံးလွှမ်းနေပါသည်။

ယခုအချိန်မှာ ယွီအိမ်တော်က အတော်လေး တိတ်ဆိတ်လွန်းလှ၏။

အဓိက ဧည့်ခန်းမကြီးထဲက ဖြတ်သွားသောအခါ ဧည့်သည် တစ်ယောက်တစ်လေတောင် မရှိပါ။ အိမ်တော်ထိန်းနဲ့ ယွီမိသားစုရဲ့ အိမ်စေတချို့ကလွဲပြီး ကျမ့်ယိလင် တခြား ဘယ်သူ့ကိုမှ မတွေ့ခဲ့ရပါ။

ယွီရှိက ပြုံးကာ ရှင်းပြလိုက်၏။ "ယိလင် မကြောက်ပါနဲ့။ ပါတီက မစသေးလို့ပါ။ အဲ့တာကြောင့် ဘယ်သူမှ မရောက်သေးတာ။ ကိစ္စနည်းနည်းရှိလို့ နင့်ကို စောစောခေါ်လာခဲ့တာ"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now