အခန်း(၁၉) - လက်တစ်ဖက်ကြေး

1.6K 177 0
                                    

အခန်း(၁၉) - လက်တစ်ဖက်ကြေး

"နင်ဘာလုပ်တာလဲ။ ဘာလို့ ကျောင်းကို ဓားတစ်ချောင်း ယူလာတာလဲ" ချွေ့ယီကျန်းက အတော်လေး ဆိုးသွမ်းသော်လည်း ကျောင်းကို ဘယ်တော့မှ ဓားတော့ ယူလာမှာ မဟုတ်ပါ။

ကျမ့်ယိလင်က ချွေ့ယီကျန်း၏ မေးခွန်းကို မဖြေခဲ့ပေ။ သူမ ဘယ်ဘက်လက်ထဲမှာ ဓားကို ကိုင်ထားပြီး ညာဘက်လက်ကို ရွယ်ပြလိုက်သည်။

"လက်တစ်ဖက်ကြေး လောင်းကြတာပေါ့"

ဘာလဲဟ။ လက်တစ်ဖက်ကြေး လောင်းမယ် ဟုတ်လား။ ရူးနေတာလား။

ကျမ့်ယိလင် ခေတ္တ ရပ်တန့်သွားပြီး ဆက်ပြောလိုက်ပါသည်။ "ငါ့ကို သက်သေပြနိုင်ရင် ဒီလက်က နင်ဖြတ်ဖို့ အတွက်အသင့်ပဲ။ မဟုတ်ရင်တော့ နင့်လက်က ငါဖြတ်ဖို့ အတွက်ဖြစ်လိမ့်မယ်"

ကျမ့်ယိလင်၏ အသံက အနည်းငယ် ကလေးဆန်ပြီး ချိုမြိန်သလိုတောင် ဖြစ်နေပါသည်။ သို့သော်လည်း သူမပြောလိုက်သည့် စကားလုံးများက အတော်လေး ကြောက်ဖို့ကောင်းသည်။

သူမ ဘယ်ဘက်လက်ထဲမှာ ခွဲစိတ်ဓား တစ်ချောင်းကို ကိုင်ထားပြီး သူမ ညာဘက်လက်ကောက်ဝတ်နဲ့ ၁၀ စင်တီမီတာ အကွာမှာ ရပ်ထားသည်။ ကြည့်ရတာ အချိန်မရွေး ဖြတ်ပစ်ဖို့ အသင့်ဖြစ်နေသည့် အနေအထားပင်။

သူမစကားပြောပုံက နူးညံ့ကာအားနည်းသော်လည်း သူမ ပြဿနာကို ရှင်းတဲ့ ပုံစံက ချွေ့ယီကျန်းမှာတောင် မရှိသည့် အားအင်မျိုးကို ပိုင်ဆိုင်ထားသည်။

"နင်စိတ္တဇမပဲ!" ချွေ့ယီကျန်းက ပြောလိုက်၏။ ကျမ့်ယိလင် ရူးသွားပြီဟု သူမ ထင်သွားပါသည်။

အားလုံးလည်း အံ့အားသင့်စွာ မျက်လုံးတွေ ပြူးကုန်ကြ၏။ ကျမ့်ယိလင်၏ လုပ်ရပ်များက ကြောက်ဖို့ ကောင်းပါသည်။

ကျမ့်ယိလင်နဲ့ ဘေးချဉ်းကပ်လျက် ထိုင်သည့် ကျောင်းသူလည်း ဘာလုပ်ရမှန်း မသိတော့ပါ။

"သက်သေရှိရင် ဘာကြောက်စရာ လိုလို့လဲ။ အဲ့တာဆို လက်ပြတ်မယ့်လူက ငါလေ။ ဒါမှ မဟုတ် နင်တို့မှာ သက်သေမရှိလို့များလား။ ယုံကြည်ချက် မရှိတော့ဘူးလား"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now