အခန်း(၁၅) လုပ်ကြံမျက်ရည်

1.7K 206 3
                                    

အခန်း(၁၅) လုပ်ကြံမျက်ရည်

ကျမ့်ယိလင်လေးကို ဝမ်းနွမ် လူနာခန်းထဲ ခေါ်လာခဲ့ပါသည်။

"ကျမ့်ယိလင် နင်ဘာလို့ လုပ်ကြံမျက်ရည် ကျပြဖို့ ရောက်လာပြန်ပြီလဲ"

ကျမ့်ယွင်နော်က စိတ်ဆိုးနေဆဲပင်။ ကျမ့်ယိလင်ကို မြင်လိုက်တာနဲ့ သူ့မျက်လုံးတွေ မီးတောက်သွားရပါသည်။

ဝမ်းနွမ်၏ နှလုံးသားနောက်တစ်ခေါက်  ရက်ရက်စက်စက် နာကျင်သွားရပြန်သည်။ သူမ ကာပြောပေးချင်သော်လည်း ကျမ့်ယွင်ချန်း၏ အကြည့်ကြောင့် သူမ ရပ်တန့်ခဲ့ရ၏။

သူမ ဒီလို ကာဆီးကာဆီး လုပ်လေလေ ကျမ့်ယိလင်အပေါ် ကျမ့်ယွင်နော် ပိုပြီး အမျက်ထွက်လာလေလေ ဖြစ်လိမ့်မည်။

ဒီပဋိပက္ခရဲ့ အလယ်မှာ ကျမ့်ယိလင်ဘက်က ဝမ်းနွမ် ကာပြောမပေးတာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။

ကျမ့်ယွင်နော််ရဲ့ စွပ်စွဲချက်များ၊ အမျက်ဒေါသများနဲ့ ရင်ဆိုင်ရသောအခါ ကျမ့်ယိလင်လေး မချေပခဲ့ပါ။ ရှင်းပြဖို့ကော အထွန့်တက်ဖို့ကော မကြိုးစားခဲ့ပါ။

သူမ တိုးတိုးတိတ်တိတ်သာ ရပ်နေပြီး ကျမ့်ယွင်နော် သူမကို ကိုင်ပေါက်သည့် စွပ်စဲချက်များ ဒေါသများကို ခံယူလိုက်ပါသည်။

သူမ မျက်နှာက တည်ငြိမ်နေပြီး သူမ မျက်လုံးတွေကလည်း တောင်ကျစမ်းရေလို ကြည်လင်လှပါသည်။

ထိုအချိန်တွင် ဝမ်းနွမ်တစ်ယောက်တည်း စိတ်မကောင်းဖြစ်တာမဟုတ်ဘဲ ကျမ့်ယွင်ချန်းတောင် မျက်မှောင်ကြုတ်နေမိပါပြီ။

"ကျမ့်ယိလင်။ ဒီကိစ္စ ဒီအတိုင်း ပြီးသွားမယ်လို့ တွေးရဲတွေးကြည့်စမ်း! နင့်ကို ဘယ်တော့မှ ငါခွင့်မလွှတ်ဘူး! ဘယ်တော့မှ ခွင့်မလွှတ်ဘူး! ငါ့အတွက် အများကြီး ပြန်ပေးဆပ်မယ် ဆိုရင်တောင် နင့်ကို ငါ့ညီမအဖြစ် ဘယ်တော့မှ ပြန်မမြင်တော့ဘူး!"

ကျမ့်ယွင်နော် သူမကို အကြာကြီး ဆဲဆို ကျိန်းမောင်းခဲ့သည်။ ခဏလောက်ကြာသောအခါ ပင်ပန်းလာပြီး ဘာမှ မတုန့်ပြန်သည့် ကျန့်ယိလင်ကို အော်နေလို့လည်း မထူး‌တော့ဘူးဟု ခံစားလိုက်ရပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now