အခန်း(၁၀၇) ဝန်ခံချက် (၁)

789 87 2
                                    

ညနေခင်းတွင် ကျမ့်ရှုရှင်းတို့ ကျမ့်အိမ်တော်ဟောင်းမှ ပြန်လာခဲ့ကြပါသည်။

အိမ်ပြန်ရောက်တာနဲ့ ချက်ချင်း မိုရှစ်ယွင်ကို ကျမ့်ယွင်နော် သွားတွေ့ခဲ့သည်။

သူမ ဘာကြောင့် ဒီလိုလုပ်ရတာလဲ! ဘာကြောင့် သူ့ကိုလိမ်ရတာလဲဆိုတာ သွားမေးပါမည်။

အားလပ်ရက်တွေမှာ မိုရှစ်ယွင်က သူမရဲ့ အခန်းထဲတွင်သာ နေတတ်သည်။ အမြဲတမ်း စာလေ့လာနေပြီး အိမ်ပြင် မထွက်ပါ။

သူမရဲ့ ဝင်ခွင့်စာမေးပွဲတွေအောင်ပြီး တက္ကသိုလ်ကောင်းကောင်းတက်နိုင်ဖို့အတွက် သူများထက် ၂ ဆ ကြိုးစားရပါမည်။

သူမ စာလုပ်နေစဉ် ကျမ့်ယွင်နော်က သူမကို ခေါ်လိုက်ပါသည်။

ကျမ့်ယွင်နော်က သူမကို လာတွေ့ဖို့ မက်ဆေ့ ပို့ထားတာကို မြင်သောအခါ မိုရှစ်ယွင် ခံစားချက်များ မကောင်းခဲ့ပေ။ ကိစ္စတစ်ခုခု မေးမြန်းဖို့ရှိသည်ဟု ပြောသည်။

ဖုန်းကို အားဖြင့်ညှစ်ရင်း မိုရှစ်ယွင်ရဲ့ လက်ဆစ်များ ဖြူဖွေးသွားရသည်။

သူမရင်ထဲမှာလည်း ကိုယ့်ကိုယ်ကို သတိပေးလိုက်ပါသည်။ ယွင်ချန်းရဲ့ လက်ဆောင်နဲ့ ပတ်သတ်တာဆိုရင် မူလ အစီအစဉ်တိုင်းပဲ ဆက်သွားမည်။ သူမ အမှားမလုပ်သင့်ပါ။ သူမ အမေရဲ့ အလုပ်နဲ့ သက်ဆိုင်နေတဲ့ ကိစ္စဖြစ်သည်။ သူမအမေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်လေးကို ဖျက်ဆီး မပစ်နိုင်ပါ။

စိတ်ဆုံးဖြတ်ချက်ချပြီးနောက် မိုရှစ်ယွင် အပြင်ကို ထွက်လာခဲ့ပါသည်။

သူမဆီကို ကျမ့်ယွင်နော် အလောတကြီး လာနေတာကို မြင်လိုက်ရ၏။ မျက်လုံးတွေကလည်း သိသိသာသာ ဒေါသအရိပ်အယောင် ပေါ်လွင်နေသည်။

ထိုအချိန်တွင် ကျမ့်ယွင်နော် အခြေအနေကို သိသွားပြီဆိုတာ မိုရှစ်ယွင် သေချာသွားပါပြီ။ သူမ အနည်းငယ် စိတ်ဖိစီးလာသည်။ သူမ လက်ဖဝါးများ အနည်းငယ် ချွေးစိုလာခဲ့၏။

"ငါ့အစ်ကိုရဲ့ မွေးနေ့လက်ဆောင်။ အဲ့တာ နင်ပေးတာ ဟုတ်လား မဟုတ်ဘူးလား" ကျမ့်ယွင်နော် မေးလိုက်၏။ သူ လိုရင်းကိုသာ ပြောခဲ့သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ