အခန်း(၁၀၉) ပြန်ပေးဆပ်ရမယ်

843 99 0
                                    


ကျမ့်ယွင်ချန်း အပေါ်ထပ်ကို ပြန်ရောက်လာတာနဲ့ သူ့ကွန်ပျူတာရှေ့မှာ ထိုင်လိုက်ပါသည်။ ကွန်ပျူတာကို ဖွင့်ကြည့်ပြီးနောက် သူ့အိမ်ရှေ့က လုံခြုံရေး ကင်မရာ မှတ်တမ်းကို ရှာကြည့်လိုက်သည်။

ဟဲယွင်ရှန်းအပန်းဖြေဟိုတယ်မှ လုံခြုံရေးမှတ်တမ်းကို ရှာမတွေ့ခဲ့သော်လည်း ကိုယ့်အိမ်ထဲက လုံခြုံရေးမှတ်တမ်းကိုတော့ကိုယ် ထိန်းချုပ်နိုင်ပါသေးသည်။

ကျမ့်ယွင်ချန်း သူ့မွေးနေ့မတိုင်ခင်တစ်ရက်အလိုက မှတ်တမ်းကိုဖွင့်ကြည့်ခဲ့သေးသည်။ ကျမ့်ယိလင်လေး သူ့အတွက် လက်ဆောင်လာပေးသွားတဲ့ နေ့ပဲဖြစ်သည်။

လုံခြုံရေးမှတ်တမ်းကိ အကြိမ်ပေါင်းများစွာ ကြည့်ပြီးနောက် မိုရှစ်ယွင်ရဲ့ ပုံရိပ်ကို မှတ်တမ်းထဲ မြင်လိုက်ရပါသည်။ သို့သော်လည်း သူမက နောက်တစ်နေ့ညကျမှ ပေါ်လာခြင်းဖြစ်၏။

လုံခြုံရေးကင်မရာတွေထဲမှာမပေါ်အောင် သူမ တမင်သက်သက် ပုန်းခဲ့ပါသည်။

ကျမ့်အိမ်တော်ရဲ့ ဝင်ပေါက်မှာ လုံခြုံရေး ကင်မရာရှိမှန်း မိုရှစ်ယွင် သိပါသည်။ ထို့ကြောင့် ကင်မရာ သူမကို မရိုက်နိုင်မည့် နေရာမျိုးကို ရွေးချယ်ခဲ့သည်။

သို့သော်လည်း ကျမ့်အိမ်တော်မှာ လုံခြုံရေး ကင်မရာ ၂ မျိုးရှိတာကိုတော့ သူမ မသိခဲ့ချေ။ တစ်မျိုးက မြင်ရသည့် လုံခြုံရေးကင်မရာ၊ နောက်တစ်မျိုးက လျှို့ဝှက် လုံခြုံရေးကင်မရာတို့ဖြစ်သည်။

မြင်ရတဲ့ လုံခြုံရေးကင်မရာကိုတော့ အလွယ်တကူ ရှောင်နိုင်သည်။

ထို့ကြောင့် ယွင်ချန်းက တစ်အိမ်လုံးမှာ လျှို့ဝှက် ကင်မရာများ တပ်ဆင်ထားခဲ့ပါသည်။

သူက အင်တာနက်လုပ်ငန်းလောကမှာ ကျင်လည်နေသူ ဖြစ်သည်။ ထို့ကြောင့် သာမန် လူတစ်ယောက်ထက် လုံခြုံရေးပိုင်းကို ပိုမို ထိတွေ့ရသည်။

သို့သော်လည်း ကိုယ့်အိမ်တော်မှာ နေထိုင်နေသူ တစ်ယောက်အတွက်နဲ့ လုံခြုံရေးကင်မရာတွေကို သုံးရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပုံမှန်ဆို လုံခြုံရေးကင်မရာဆိုတာ ကျူးကျော်ဖောက်ထွင်းသူတွေကို တားဆီးဖို့သာ ဖြစ်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now