အခန်း(၂၂) အတန်းလာတဲ့ ဝံပုလွေတစ်ကောင်

1.6K 191 0
                                    

အခန်း(၂၂) - အတန်းလာတဲ့ ဝံပုလွေတစ်ကောင်

ကျမ့်ယိလင်က အလျင်လိုနေသည့်ပုံ လုံးဝ မပေါ်ပေ။ သူမရဲ့ကိုယ်နှုတ်အမူအရာက တည်ငြိမ်နေပြီး မျက်လုံးများက ကြည်လင်လှသည်။ တကယ်တော့ သူမရဲ့ စကားလုံးများကို နွေးနွေးထွေးထွေး ပြောလိုက်ခြင်းသာ ဖြစ်သည်။

ထို့အစား ဒေါသထွက်‌သော်လည်း ထုတ်မပြနိုင်တာ သင်ကြားရေးခေါင်းဆောင်နဲ့ ချွေ့ယီကျန်းတို့သာ ဖြစ်ပါသည်။

"ဟုတ်ပြီ အားလုံးပဲ။ အချိန်က မစောတော့ဘူး။ မနက်ခင်းဆိုတာ တစ်နေ့တာရဲ့ အကောင်းဆုံး အချိန်ပဲ။ ဒီအခွင့်အရေးကို အသုံးချပြီး ကောင်းကောင်း စာလေ့လာကြ။ စာလေ့လာဖို့ ဒီလို အချိန်ကောင်းကို မဖြုန်းတီးကြနဲ့နော်! မင်းတို့ရဲ့ အရေးကြီးဆုံး တာဝန်က ပညာသင်ဖို့ပဲဖြစ်ပြီး တခြားဘာမှ လုပ်ဖို့ မဟုတ်ဘူးဆိုတာ မမေ့ကြနဲ့!"

သင်ကြားရေးခေါင်းဆောင်က အတန်းထဲက လူအားလုံးကို ညွှန်ကြားလိုက်ပြီး အတန်းအား စာဖတ်ဖို့အတွက် ဦးဆောင်ဖို့ အတန်းခေါင်းဆောင်ကို စေခိုင်းလိုက်ပါသည်။ ထို့နောက် အလောတကြီး ထွက်သွားသည်။ ကျမ့်ယိလင်မျက်နှာကို ထပ်ပြီး မမြင်ချင်တော့ပါ။ သူမကို မြင်နေရတာ သူ့ကို ဒေါသပျုထွက်စေသည်။

ချွေ့ယီကျန်းလည်း ရင်ထဲမှာ မီးတောက်နေပါပြီ။ တစ်မနက်လုံး ကျမ့်ယိလင် ကစားတာကို ခံခဲ့ရသည်ဟု သူမ ခံစားလိုက်ရသည်။ အလွန် ဒေါသထွက်လွန်းသဖြင့် ဘယ်သူ့ကို ပုံချရမှန်းတောင် မသိတော့ပါ။

အဆိုးဆုံးက သင်ကြားရေးခေါင်းဆောင်ကြီးက လုံခြုံရေးမှတ်တမ်းကို စစ်ဆေးပေးမည်ဟု ကျမ့်ယိလင်ကို ကတိပေးသွားခြင်းပင်။ သူမ ဒီပြဿနာကို ဘယ်လိုဖုံးရမလဲ ပြန်စဉ်းစားဖို့ လိုနေပြီ။

ချွေ့ယီကျန်း ထွက်မသွားခင် ကျမ့်ယိလင်ကို စိုက်ကြည့်လိုက်၏။ ထိုအကြည့်က "နင်စောင့်နေလိုက်!" ဟူသည့် သဘောမျိုး ဆောင်နေသည်။

ကျမ့်ယိလင်နဲ့ ဘေးချင်းကပ်လျက် ထိုင်ရသည့် ကျောင်းသူက သူမကို ခဏခဏ လှမ်းကြည့်နေသည်။ ယခု ကျမ့်ယိလင်နဲ့ လွန်ခဲ့တဲ့ ၇ ရက်တုန်းက ကျမ့်ယိလင်တို့ရဲ့ ခြားနားချက်ကို သူမ အကဲခတ်နေသည့်ပုံစံပင်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]जहाँ कहानियाँ रहती हैं। अभी खोजें