အခန်း(၂၄) ပဟေဠိဆန်တဲ့ ရင်းနှီးမြှုပ်နှံသူ

1.7K 181 0
                                    

အခန်း(၂၄) ပဟေဠိဆန်တဲ့ ရင်းနှီးမြှုပ်နှံသူ

ဒီနေ့ ကျမ့်ယိလင်ကို ကျူရှင်သွားသင်ပေးဖို့ မလိုသဖြင့် ချင်းချွမ်လည်း သူပညာသင်ယူရာ ဟန်းယွမ်တက္ကသိုလ်ကို ပြန်လာခဲ့ပါသည်။

အခု သူတက္ကသိုလ် ဒုတိယနှစ်သာရှိ‌သေးသဖြင့် အလုပ်ဝန်က သိပ်မများသေးပါ။ လက်ရှိ သူ့အဆင့်တွေနဲ့ဆို အတန်းမတက်ရင်တောင် စာမေးပွဲတွေကို အောင်မြင်နိုင်ပါသေးသည်။ သူ့အဆင့်တွေအတွက် လုံးဝ စိတ်ပူဖို့ မလိုပါ။

ချင်းချွမ် အဆောင်ကို ပြန်ရောက်တာနဲ့ သူ့အခန်းဖော်ကော၊ သူငယ်ချင်းကောင်းကော ဖြစ်သူ ပိုင်ယိုချမ့်က ဝမ်းသာအားရ ပြေးဖက်လေသည်။

ချင်းချွမ်က နောက်တစ်လှမ်းဆုတ်လိုက်ပြီး ပြောလိုက်ပါသည်။ "မင်းပြောစရာရှိရင် တည်တည်တံ့တံ့ပြောစမ်းပါ။ ငါယောက်ျားချင်း မကြိုက်ဘူး"

"ညီကိုချွမ်။ သတင်းကောင်းဟေ့! သောက်ရမ်း ကောင်းတဲ့ သတင်းကောင်း! ငါတို့ ပရောဂျက်အတွက် ရန်ပုံငွေရပြီကွ!"

ပိုယိုချမ့် မကြာသေးခင်ကမှ သူရရှိထားသည့် အံ့ဖွယ်သတင်းကောင်းကို ချင််းချွမ်အား ပြောပြလိုက်ပါသည်။

"ငါတို့ကို ရန်ပုံငွေ ထောက်ပံ့ချင်တဲ့သူ ရှိတယ် ဟုတ်လား" ပုံမှန်ဆို အေးတိအေးစက် မျက်နှာမျိုးဖြစ်နေတတ်သည့် ချင်းချွမ်ရဲ့ မျက်နှာလည်း ရှားရှားပါးပါး ပျော်ရွှင်မှုနဲ့ စိတ်ခံစားချက် အရိပ်အယောင်များ ပေါ်လာခဲ့ပါသည်။

ချင်းချွမ်က သူ့အခန်းဖော်နဲ့အတူတူ ပေါင်းပြီး ဆက်သွယ်ရေး ဆော့ဖ်ဝဲ App အသစ်တစ်ခု ဖန်တီးနေခြင်းဖြစ်သည်။ လက်ရှိ ထိုဆော့ဖ်ဝဲက Prototype အဆင့်ကို ရောက်နေပြီဖြစ်ကာ သူတို့လည်း ကယ်တင်ရှင် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေနေရပါသည်။

ဒီ App ကို ဖန်တီးခဲ့ရသည့် အစောပိုင်း အဆင့်များမှာ အတော်လေး ကုန်ကျစရိတ်များသည်။ သူတို့ အချိန်မှီ ရင်းနှီးမြှုပ်နှံမှု မရပါက Server ကို အသုံးပြုဖို့အတွက် အဖိုးအခတောင် တတ်နိုင်မှာ မဟုတ်ပါ။

ချင်းချွမ်နဲ့ သူ့အခန်းဖော်တို့က နည်းပညာ စွမ်းရည်များသာ ရှိသည်။ ပိုက်ဆံမရှိကြပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now