အခန်း(၃၀) ချွေ့ယီကျန်း သောကရောက်ခြင်း

1.6K 181 0
                                    

အခန်း(၃၀) ချွေ့ယီကျန်း သောကရောက်ခြင်း

ချွေ့ယီကျန်းက သူမအဖေနဲ့တောင် ဆက်ဆံရေးမကောင်းပါ။ ခဏခဏ စကားများလေ့ ရှိသည်။

"နင်ဘာတွေလာပြောနေတာလဲ။ နင့်ဖာသာနင် ကြည့်လိုက်စမ်း!" ချွေ့လီယောင် သူ့သမီးခေါင်းကို ဖုန်းနဲ့ ကောက်ထုမိမလိုတောင် ဖြစ်သွားသည်။

ခေတ္တ တွန့်ဆုတ်သွားပြီးမှ စားပွဲပေါ် ပစ်တင်ပေးလိုက်၏။

ချွေ့ယီကျန်း ဖုန်းကို ကောက်လိုက်ပြီး ဗီဒီယိုကို ဖွင့်ကြည့်လိုက်သည်။ ဗီဒီယိုကို မြင်လိုက်တာနဲ့ မျက်နှာ လုံးဝ ပြောင်းလဲသွားရပါတော့သည်။

ဒါ မနက်က ကျမ့်ယိလင်ကို ပြဿနာ သွားရှာတုန်းက မဟုတ်ဘူးလား။

ကျမ့်ယိလင် တကယ်ကြီး ရိုက်ယူထားတာလား!

ချွေ့ယီကျန်း မျက်နှာဖြူရော်သွားခဲ့သည်။

သူမ မျက်နှာကို မြင်မှ ချွေ့လီယောင် ပို၍ပင် ဒေါသထွက်လာသည်။ "အခုမှ ကြက်သေသေနေပြီလား။ နင်ကတော့ တကယ့် သမီးအလိမ္မာလေးပဲ!"

ချွေ့လီယောင်မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်ကာ ချွေ့ယီကျန်းက ရင်ကော့လိုက်ပြီး စကားပြန်ချေပလေသည်။ "သမီး အမေကို အဖေဖောက်ပြန်တုန်းကကော?။ အဖေ အလုပ်လုပ်နေတဲ့အချိန် သမီးအတွက်တောင် စဉ်းစားပေးတာ မဟုတ်ဘူး။ ကိုယ့်သမီးလို့တောင် သဘောထားရဲ့လား"

"နင့်ကို ငါ့သမီးအဖြစ် သဘောမထားဘူး ဟုတ်လား။ နင့်စားသောက်ဖို့ ပညာသင်ဖို့ ထောက်ပံ့ပေးခဲ့တာ ဘယ်သူလဲ။ ငါ့ကြောင့်သာ မဟုတ်ရင် နင်ဒီကျောင်းကို ဝင်ခွင့်တောင် ရမလား။ နင်ဒီနေ့ဒီအချိန်အထိ အသက်ရှင်နေတာ ငါ့ကြောင့်ပဲ!"

အဆူခံရသောအခါ ချွေ့ယီကျန်း တိတ်ဆိတ်သွားခဲ့ပါသည်။

ချွေ့လီယောင်က သူ့သမီးအတွက် အချိန် အများကြီး မပေးသော်လည်း ငွေနဲ့ ဂုဏ် အဆင့်အတန်းတို့ဖြင့် ပြန်ပေးဆပ်ခဲ့သည်။

ကျောင်းက ချွေ့လီယောင်ရဲ့ ရာထူးနဲ့ ကာကွယ်ပေးမှုတို့ကြောင့်သာ မဟုတ်ပါက ကျောင်းမှာ ချွေ့ယီကျန်း ဒီလောက် ထောင်လွှားနေနိုင်မှာ မဟုတ်ပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ