အခန်း(၈၁) ယိလင်လေးကို ကာကွယ်ကြ (၈)
ကျမ့်ယိလင်လေးနဲ့ ဟူကျောင်းကျောင်းတို့ လောင်ရွှေအန်းကို ကြည့်နေကြတာကို မြင်ပြီး ထပ်ကြည့်နေရင် အတုယူမှားကုန်တော့မှာကို ချန်းယွီ စိတ်ပူလာသည်။
"ရန်ဖြစ်တယ် ဆိုတာ မကောင်းဘူးနော်။ မကြည့်ကြနဲ့တော့။ လာ အိမ်ပြန်ကြရအောင်"
ကျမ့်ယိလင်လို ချစ်စရာ ကောင်မလေး တစ်ယောက် ဒီလို ကြမ်းကြမ်းကြုတ်ကြုတ်မြင်ကွင်းကို ကြည့်နေတာ မသင့်တော်ပါ။
သို့သော်လည်း ကျမ့်ယိလင်လေးက ချန်းယွီ၏ စကားကို နားမထောင်ပေ။ ထို့အစား လောင်ရွှေအန်းဆီကို တန်းတန်းမတ်မတ် လျှောက်သွား၏။
တစ်ယောက်ယောက် ချဉ်းကပ်လာတာကို လောင်ရွှေအန်း အာရုံခံမိသောအခါ လက်သီးချက်တွေကို ရပ်တန့်လိုက်ပါသည်။
လူတွေကို ထိုးကြိတ်ရာတွင် ရက်စက်သော်လည်း ဘေးပတ်လည်ကိုတော့ သတိထားတတ်ပါသည်။
တစ်ချက်လောက်ကြည့်လိုက်တာနဲ့ ကျမ့်ယိလင်ကို လောင်ရွှေအန်း မှတ်မိပါသည်။
သုတေသနအဖွဲ့အစည််းမှာ အသစ်စက်စက် တင်ထားသည့် အချက်အလက်များကို သူမ မြင်ပြီးပြီ။
ကလေကချေ လေးယောက်ဆီကို ကျမ့်ယိလင်လေး လျှောက်သွားကာ ခြေထောက်ကို မလိုက်သည်။
သူမကို ရည်းစားစကားပြောတဲ့ကောင်ရဲ့ မျက်နှာပေါ်ကို ခြေထောက်နဲ့ နင်းချလိုက်ပါသည်။
ကျမ့်ယိလင်လေးရဲ့ နင်းချက်က လောင်ရွှေအန်းရဲ့ လက်သီးချက်နဲ့တော့ မယှဉ်နိုင်ပေ။
သို့သော်လည်း ကျမ့်ယိလင်လေး အားပါပါ နင်းလိုက်မှန်းတော့ မြင်သာသည်။
ထိုလူရဲ့ မျက်နှာပေါ်ကို နင်းထားရင်း ခြေထောက်ကို လှည့်ပတ်လိုက်ပါသေးသည်။ ထိုလူ့မျက်နှာပေါ်မှာ အနီရောင် ဖိနပ်ရာကြီးနဲ့ ဖုန်ကွက်တွေ ထင်ကျန်ခဲ့သည်။
ဟူကျောင်းကျောင်း အသက်ရှူ အောင့်ထားမိသည်။ ကျမ့်ယိလင်... လုပ်ရဲလိုက်တာ...
ထိုလူရဲ့ မျက်နှာပေါ်ကို တက်နင်းတုန်းက ကျမ့်ယိလင် မျက်နှာမှာ တည်တံ့နေခဲ့သည်။ နှုတ်ခမ်းကို စုထားပြီး မျက်လုံးတွေက စူးစိုက်နေ၏။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]
RomanceEng Name - From Sidekick to Bigshot Og author - Er Fengchong ဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်...