အခန်း(၁၁၃) တည်ငြိမ်အေးဆေးတဲ့ အတွဲ

916 104 5
                                    

ယွီရှိအတွက် ဂိမ်းတွေက အရေးပါသော်လည်း နတ်ဘုရားလေးလင်ရဲ့ ခံစားချက်များက ပိုပြီး အရေးကြီးပါသည်။

[ကျွန်မ အဆင်ပြေပါတယ်] ကျမ့်ယိလင် စာပြန်လိုက်သည်။

[ဒါပေမယ့် နင်အပျင်းပြေအောင် ကားမောင်းပြီး အပြင်လိုက်ပို့ချင်တယ်လို့ ဆရာရှန်းပြောလို့။ နင့်အတွက် လူသားသဲအိတ်တစ်ယောက်လည်း ရှာပေးထားတယ်လို့ ပြောတယ်]

ဆရာရှန်းရဲ့ မူလစကားလုံးတွေကိုပဲ ယွီရှိ ကျမ့်ယိလင်လေးကို ပြန်ပြောပြလိုက်ပါသည်။ ကျမ့်ယိလင်လေး ငြင်းဆန်လိမ့်မည်ဟု သူယူဆထား၏။ ကျမ့်ယိလင်ပုံစံက သူများကို သွားထိုးကြိတ်မည့် ပုံစံမျိုးလည်း မဟုတ်ပါ။

သူများကို သွားထိုးကြိတ်တာက ကြမ်းတမ်းပြီး ရက်စက်လွန်းသည်ဟု ခံစားမိသည်။ ယိလင်လေးက ဒီလိုကိစ္စနဲ့ မသင့်တော်ပါ။

[ဟုတ်ပြီ သွားကြစို့]

ကျမ့်ယိလင် ခပ်မြန်မြန်ပဲ စာပြန်လိုက်ပါသည။ ယွီရှိရဲ့ အကြံပေးချက်ကို ချက်ချင်းဆိုသလိုပဲ သဘောတူလိုက်ပါသည်။

[ဟင်]

ယွီရှိ ပါးရိုက်ခံလိုက်ရသလို ခံစားလိုက်ရပါသည်။ နတ်ဘုရားလေး လင်က ဘာလို့ ဒီလောက်လွယ်လွယ် သဘောတူလိုက်ရတာလဲ။ သူထင်ထားတာ ဒီလို မဟုတ်ပါ။

[သွားကြမယ်လို့]

ကျမ့်ယိလင်က ထပ်ပြီး အတည်ပြုပေးလိုက်ပြန်ပါသည်။

ယွီရှိလည်း ကျမ့်ယိလင်ရဲ့ ပြန်စာကို အကြာကြီး စိုက်ကြည့်နေမိသည်။ ထို့နောက် သူနဲ့ သိပ်မဝေးတဲ့ နေရာမှာ ထိုင်နေတဲ့ ကျိုက်ယွင်ရှန်းကို လှည့်ကြည့်လိုက်ပါသည်။

သူဘာလို့ ထပ်မှားသွားပြန်တာလဲ။ ဘာလို့ ဆရာရှန်းပဲ အမြဲတမ်း မှန်နေတာလဲ။

[အိုကေ အိုကေ... ငါ့စောင့်ဦး။ ငါလာခေါ်မယ်]

ယွီရှိ စာပြန်ပြီးနောက် ကျိုက်ယွင်ရှန်းကို လှည့်ပြောလိုက်လေသည်။ "ဆရာရှန်း။ နတ်ဘုရားလေးလင်က အပြင်ထွက်ဖို့ သဘောတူတယ်"

"အင်း" ကျိုက်ယွင်ရှန်း ပြန်ပြောလိုက်သည်။ သူ ကုတ်တစ်ထည် ထဝတ်လိုက်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now