အခန်း(၄၂) ပါတီပွဲဖိတ်ခြင်း

1.6K 176 1
                                    

အခန်း(၄၂) ပါတီပွဲဖိတ်ခြင်း

အမှန်တကယ်လည်း လူငယ်မျိုးဆက်ရဲ့ လုပ်ငန်းနဲ့ စီးပွားရေး ကဏ္ဍတွေမှာ ကျမ့်ယွင်ချန်းက ပါရမီအပါဆုံးဖြစ်သည်။

ယွင်ချန်းက သူ ငယ်စဉ်အရွယ်တုန်းကနဲ့ ဆင်တူသည်ဟု အဘိုးကျမ့် ခံစားမိ၏။

မျက်လုံးရှေ့မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ကြည့်ပြိး ဟဲယန် အလွန် နေရထိုင်ရ ခက်လာခဲ့ပါသည်။ သူမ ရင်ထဲမှာလည်း အလွန်တရာ ရှုပ်ထွေးနေသည်။

ဖြစ်ချင်တော့ အဘိုးကျမ့် ပြောခဲ့တာတွေက စိတ်ရင်းနဲ့ မဟုတ်ပါ။ ကလေးတွေကို လုပ်ချင်တာ လုပ်ခွင့်ပေးနိုင်ဖို့က အရေးအကြီးဆုံး ဖြစ်သည်ဟု သူအမြဲ ပြောသည်။ သို့သော် နောက်ဆုံးကျတော့လည်း ကျမ့်ယွင်ချန်းကို ဦးစား အပေးဆုံးပဲ မဟုတ်လား။

အဘိုးကျမ့်နဲ့ ဆရာရှန်းတို့ အချိန်အတော်ကြာ စကားပြောပြီးနောက် ယွီရှိ ဝင်ပြောလိုက်သည်။ "အဘိုးကျမ့်။ လာမယ့် စနေနေ့ ကျွန်တော်တို့ အိမ်မှာ ပါတီပွဲ ကျင်းပမှာ။ ဆရာရှန်းအတွက် ကြိုဆိုပွဲ ပါတီပေါ့။ ယုကျဲနဲ့ ယိလင်လေးကို တက်ရောက်ဖို့ ဖိတ်ချင်လို့။ အဆင်ပြေရဲ့လား"

ယွီအိမ်တော်က ဘေးနားလေးမှာတင် ဖြစ်သည်။ စနေနေ့ကလည်း အားလပ်ရက်ဖြစ်ပြီး အတန်းလည်း မရှိပါ။ အဆင်မပြေနိုင်စရာ အကြောင်း ရှိပါ့မလား။

အဘိုးကျမ့်က သူ့မြေးနှစ်ယောက်ဘက်ကို လှည့်ပြီး ပြောလိုက်ပါသည်။ "သွားချင်ရင် သွားကြလေ။ နေ့တိုင်း စာချည့်ပဲ လုပ်နေတာက မကောင်းဘူး။ တစ်ခါတစ်လေ အနားယူပြီး အပန်းဖြေရတယ်"

အဘွားကျမ့်ကလည်း သဘောတူသည်။ "ယိလင်လေး သွားလိုက်ပါ။ ပျော်ပျော်နေခဲ့"

ခုတလော ကျမ့်ယိလင်လေး ခက်ခက်ခဲခဲ အချိန်တစ်ခုနဲ့ ကြုံတွေ့နေရမှန်း အဘွားကျမ့် သိပါသည်။ သူမ သက်တူရွယ်တူတွေနဲ့ အပန်းဖြေ ပျော်ရွှင်ခွင့်ရတာ ကောင်းပါသည်။

ကျိုက်ယွင်ရှန်းက မကောင်းတဲ့လူတစ်ယောက် ဖြစ်ပုံပေါ်သော်လည်း အဆင်ပြေပါလိမ့်မည်.

အဘယ့်ကြောင့်ဆိုသော် ယွီမိသားစုက ကျမ့်မိသားစုနဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာ ကြာပါပြီ။ သူတို့က ယုံကြည်လို့ရပြီး ယွီရှိကလည်း အားကိုးရသည့် ကလေးဖြစ်သည်။ သူ ရှိနေသရွေ့ အဘွားကျမ့် စိတ်ချပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now