အခန်း(၁၈) - အစ်မကြီးချွေ့

1.6K 177 0
                                    

အခန်း(၁၈) - အစ်မကြီးချွေ့

ရှန်းဟွာအထက်တန်းကျောင်းမှာ ဟန်းယွမ်မြို့ရှိ အကောင်းဆုံးသော ကိုယ်ပိုင်ကျောင်းကြီးဖြစ်သည်။ ထိုကျောင်းတွင် တက်နိုင်သည့် ကျောင်းသားများက ပညာရေးထူးချွန်တာကြောင့်၊ သို့မဟုတ် မိသားစုနောက်ခံ အင်အားကောင်းပြီး အခြေအနေကောင်းတာကြောင့်သာ ဖြစ်နိုင်လိမ့်မည်။

မိုရှစ်ယွင်က ပညာရေးထူးချွန်သည့် အုပ်စုထဲပါပြီး ကျမ့်ယိလင်ကတော့ မိသားစုနောက်ခံ အင်အားကောင်းသည့် အုပ်စုထဲတွင် ပါသည်။

နောက်ထပ် တစ်အုပ်စုကတော့ ကျမ့်ယိလင်ရဲ့ အစ်ကို ကျမ့်ယွင်နော်လို လူမျိုးတွေပဲ ဖြစ်ပါသည်။ ပညာရေးလည်းထူးချွန်၊ မိသားစု နောက်ခံအင်အားလည်း ကောင်းသည့် လူမျိုး ဖြစ်သည်။

ကျမ့်ယိလင်က အထက်တန်းပထမနှစ် ဖြစ်သည်။ သူမ စက်တင်ဘာလမှာမှ ကျောင်းစတက်ခဲ့သည်။

ပြိုင်ဆိုင်မှုများပြီး အားသွန်ခွန်စိုက် ကြိုးစားကြသည့် ကျောင်းသား အုပ်စုထဲက ကျမ့်ယွင်နော်နဲ့ မိုရှစ်ယွင်တို့လို မဟုတ်ဘဲ ကျမ့်ယိလင်ကတော့ သာမန် ကျောင်းသား အုပ်စုထဲမှာ ပါသည်။ ထိုအုပ်စုထဲမှာတောင် သူမက နောက်ဆုံးအဆင့်သာ ဖြစ်သည်။

ကျမ့်ယိလင် စာသင်ခန်း(၈) ကိုရောက်လာတော့ အခန်းထဲမှာ ကျောင်းသားတွေ အများကြီး ရောက်နေကြပါပြီ။

ကျမ့်ယိလင်ကို မြင်သောအခါ အားလုံးရဲ့ မျက်နှာတွေ အံ့အားသင့်ကုန်ကြလေသည်။

ကျမ့်ယိလင်ကတော့ သူတို့ကို ဂရုမစိုက်ပါ။ သူမ ထိုင်ခုံကိုပဲ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပါသည်။

သို့သော်လည်း သူမ စာရေးစားပွဲပေါ်မှာ အမှိုက်တွေ အများကြီး ရှိနေတာကို မြင်လိုက်ရ၏။

သူမရဲ့ပစ္စည်းတွေတော့ အကုန်လုံး ပျောက်နေသည်။

သူမပိုင်ဆိုင်သည့် ပစ္စည်းများမှာ စာသင်ခန်း အနောက်ဘက်ရှိ အမှိုက်ပုံးထဲတွင် ဖွာလန်ကြဲနေတာကို မြင်လိုက်ရ၏။

ရုတ်တရက်ကြီး စာသင်ခန်းတစ်ခန်းလုံး၏ စိတ်အခြေအနေတို့ အေးစက်သွား၏။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now