အခန်း(၅၇) မျှော်လင့်ထားတာနဲ့ တခြားစီ

1.3K 138 0
                                    

အခန်း(၅၇) မျှော်လင့်ထားတာနဲ့ တခြားစီ

ဂိမ်းအဆုံးသတ် ဖန်သားပြင်ကို ချင်းချွမ် ခဏလောက် စိုက်ကြည့်နေပြီး မေးလိုက်ပါသည်။ "ဒီဂိမ်းကို အရင်က ကစားဖူးလား"

ကျမ့်ယိလင် ခေါင်းခါလိုက်၏။

သူမ ဒီဂိမ်းကို ကစားဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။ သို့သော်လည်း တခြား အပစ်အခတ်ဂိမ်းတွေကိုတော့ ကစားဖူးပါသည်။

တခြား အပစ်အခတ်ဂိမ်းကောင်းတွေလိုပဲ သေနတ်ကို ကိုင်တွယ်ပုံက အလွန်လက်တွေ့ဆန်သည်။ တန်ပြန်အားလည်းရှိကာ ကျည်ခွံတွေ ထွက်ကျလာတာက အစပါဝင်သည်။

ကျမ့်ယွင်ချန်းတို့ ကုမ္ပဏီိက ဖန်တီးထားတဲ့ 'ဇာ့ဂ်ကျူးကျော်မှု' ဂိမ်းမှာ ဒီလောက်ထိ ကောင်းပါသည်။

ဒီဂိမ်းကို ကျမ့်ယိလင်လေး ပထမဆုံးအကြိမ် ကစားဖူးတာ ဖြစ်သော်လည်း ခပ်မြန်မြန်ပဲ အသားကျသွားပါသည်။ တခြား အပစ်အခတ် ဂိမ်းတွေကို ကစားဖူးတာကြောင့်လည်း ပါသည်။

ချင်းချွမ် အချိန်ခဏလောက် ပြောစရာ စကား ပျောက်ဆုံးသွား၏။

ကျမ့်ယိလင်လေးက အနေအေးသည့်ပုံ ပေါ်သည်။ သို့သော်လည်း ဂိမ်းကစားချိန်မှာတော့ သူမရဲ့ လုပ်ရပ်တွေက ရက်စက်ကြမ်းကြုတ်ပြီး တိကျလွန်းသည်။ သူမရဲ့ APM ကလည်း မယုံနိုင်စရာ ကောင်းအောင် မြင့်ပါသည်။

ဂိမ်းထဲက ဂိမ်းဇာတ်ကောင်ကိုပဲ ကြည့်ပါက ကွန်ပျူတာ ဖန်သားပြင်ရှေ့မှာထိုင်နေသူမှာ ကလေးမလေးတစ်ယောက် ဖြစ်မှန်း ဘယ်သူမှ တွေးမိကြမှာ မဟုတ်ပါ။

ကျမ့်ယိလင် တစ်ပွဲကစားပြီးနောက် ချင်းချွမ်အား ကွန်ပျူတာ ပြန်ပေးလိုက်ပါသည်။

"နောက်တစ်ပွဲ မကစားတော့ဘူးလား"

ကျမ့်ယိလင် ခေါင်းခါလိုက်ပါသည်။

သူမအတွက်တော့ ဂိမ်းကစားရတာက အပန်းဖြေမှု မဟုတ်ပါ။ ပြီးမြောက်အောင် ထမ်းဆောင်ရမည့် မစ်ရှင်တစ်ခုပင်။ သူမ အဘွား သူမကို ပေးထားတဲ့ မစ်ရှင်ပဲ ဖြစ်ပါသည်။

ချင်းချွမ် ထူးထူးဆန်းဆန်း စိတ်ရှုပ်ထွေးသွားသည်။

ကျမ့်ယိလင်က တကယ်ပဲ သူမျှော်လင့်ထားတာနဲ့ တခြားစီဖြစ်နေပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now