အခန်း(၂၅) အစ်ကိုကြီးနဲ့ နှစ်ယောက်တည်း (၁)

1.6K 175 1
                                    

အခန်း(၂၅) အစ်ကိုကြီးနဲ့ နှစ်ယောက်တည်း (၁)

ကျမ့်ယိလင်က မက်ဆေ့ကို လှမ်းကြည့်လိုက်ပြီး ဖုန်းစခရင်ကို ပိတ်လိုက်ပါသည်။ မက်ဆေ့ကို ချက်ချင်း စာမပြန်ပေ။

ကျမ့်ယိလင် ချင်းချွမ်နဲ့ သိပ်မပတ်သတ်ချင်ပါ။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုကိစ္စတွင် ဇာတ်လိုက်မင်းသားကို သူ့မရဲ့ သရုပ်မှန်အား သိမသွားစေချင်ပါ။

မူရင်းဝတ္ထုစာအုပ်ရဲ့ ဦးတည်ချက်အရဆိို ချင်းချွမ်၏ ပရောဂျက်က ကျိန်းသေ အောင်မြင်မှာဖြစ်သည်။ ဒီလိုငွေရနိုင်မည့် အခွင့်အရေးကို ကျမ့်ယိလင် အဆုံးရှုံးခံစရာ အကြောင်းမရှိပါ။

ဇာတ်လိုက်မင်းသားကို မကြိုက်တာနဲ့ပဲ ငွေရှာနိုင်ကာ ဇာတ်လိုက်မင်းသားကို သူမအတွက် အလုပ်လုပ်ခိုင်းနိုင်မည့် အခွင့်အရေးအား လက်လွှတ်ခံမည်ဟု မဆိုလိုပါ။

ဝတ္ထုထဲက မူလကျမ့်ယိလင်မှာ ဇာတ်လိုက်မင်းသားရဲ့ အာရုံစိုက်မှုနဲ့ အချစ်ကိုသာ တပ်မက်ခဲ့သူဖြစ်သည်။ သို့သော်လည်း အခု ကျမ့်ယိလင််ကတော့ ငွေရှာဖို့ပဲ သိပါသည်။

မူလ ရင်းနှီးမြှုပ်နှံသူ ပေါ်မလာခင် ကျမ့်ယိလင် ခပ်သုတ်သုတ်ပဲ ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံလိုက်သည်။ ထို့အပြင် ရှယ်ယာတန်ဖိုး ၂၀ ရာခိုင်နှုန်းကိုသာ တောင်းခံခဲ့ပါသည်။

အဘယ့်ကြောင့်ဆိုသော် မူလ ရင်းနှီးမြှုပ်နှံသူပေါ်လာသည့်အခါ ချင်းချွမ်နဲဲ့ သူ့အတန်းဖော်တို့ ပရောဂျက်အတွက် ရန်ပုံငွေ အသည်းအသန်လိုအပ်နေတာကို သိသွားလိမ့်မည်။ ထို့ကြောင့် သူတို့ ရှယ်ယာတန်ဖိုး ၃၀ ရာခိုင်နှုန်းကို တောင်းလိမ့်မည်။

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် မူလ ရင်းနှီးမြှုပ်နှံသူ ပေါ်လာရင်တောင် ချင်းချွမ်က သူမရဲ့ငွေနဲ့ ထောက်ပံ့မှုဘက်ကိုပဲ လိုက်မှာ ဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။

ကျောင်းဆင်းသောအခါ ကျမ့်ယိလင်ကို ကျောင်းလာကြိုသည့်လူက သူမ အစ်ကိုကြီး ကျမ့်ယွင်ချန်းဖြစ်သွားသည်။

မိခင်တစ်ယောက်အနေနဲ့ သားတစ်ယောက် စိတ်ဓာတ်အကျဆုံးဖြစ်နေချိန်တွင် အနားမှာ နေပြီး ပိုသက်သာလာအောင် ဝမ်းနွမ် ကူညီပေးချင်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now