ဆောင်ကြာမြိုင်၏အလည်တည့်တည့်တွင်မျက်နှာစည်းလေးနဲ့ကောင်လေးလား။ကောင်မလေးလားမသဲကွဲသူလေးတစ်ယောက်ဟာစင်ပေါ်သို့ဖြည်းညှင်းစွာရောက်လာသည်။
တစ်ခါတက်လိုက်တိုင်းခွဲကြောင်းကနေတစ်ဆင့်ပေါ်လာတဲ့ပေါင်တဲဖွေးဖွေးသွယ်သသွယ်တွေဟာတဏှာရာဂကြီးတဲ့သူတွေအတွက်တော့သွားရည်တမြမြဖြစ်စရာပင်။
ရိပေါ်ဆောင်ကြာမြိုင်ထဲဝင်လာတော့စင်ပေါ်တက်နေတဲ့သူတစ်ယောက်ကိုတွေ့လိုက်သည်။သူသိပ်သိတာပေါ့ ဒါဟိုမျက်ဝန်းနက်ပိုင်ရှင်လေးလေ။
စင်ပေါ်တက်နေတဲ့ကောင်လေးရဲ့ပေါင်တံသွယ်သွယ်တွေကိုမြင်တော့ရိပေါ်မျက်နှာမှာပူနွေးနွေးခံစားလိုက်ရသည်။သေချာပါသည်။ယခုရိပေါ်ဟာနှာခေါင်းသွေးလျှံနေပြီဖြစ်သည်။
"ဟာ နှာခေါင်းသွေးတွေ"
ဒါကတော့ဆောင်ကြာမြိုင်ရဲ့အကြီးအကဲပြောလိုက်သောစကားပင်။
"ဗျာ့ ဗျာ"
"မဗျာနဲ့ဝမ်ဝမ် မင်းနှာခေါင်းသွေးတွေလျှံနေတယ် လာ ဟိုနားကခုံမှာထိုင်ပြီးခေါင်းမော့နေ"
လျိုချင်းရိပေါ်ကိုတွဲပေးပြီးထိုင်ခုံမှာထိုင်စေလိုက်သည်။
"ကဲ ပြောစမ်းပါအုံး ဒီကိုဘာလာလုပ်"
"နားကပ် အမလျိုမှာထားတဲ့နားကပ်လာပို့တာ"
"အေးဟုတ်သား ငါမေ့နေတာ"
"အင်း"
"ဟဲ့ဟဲ့ ခေါင်းမော့ထားပါဆို"
"ဟာအမလျိုရာ ကျွန်တော်ကောင်းသွားပါပြီ"
"သဘောပဲ နင့်ကိုငါနိုင်တာမှမဟုတ်တာ"
ရိပေါ်လျိုချင်းပြောတာကိုမကြားတော့။စင်ပေါ်မှာလိပ်ပြာလေးသဖွယ်ပေါ့ပေါ့ပါးပါးလေးနပေါ်မှာလိပ်ပြာလေးသဖွယ်ပေါ့ပေါ့ပါးပါးလေးနဲ့ကနေတဲ့သူလေးကိုသာမျက်တောင်မခက်ငေးကြည့်နေမိသည်။ကောက်ကြောင်းလေးတွေကမိန်းကလေးတွေလောက်မဟုတ်ပေမယ့်သူ့ပုံစံလေးနဲ့သူတော့တကယ်လှပါသည်။လက်တံသွယ်သွယ်လေးတွေကွေးပြီးကလိုက်တိုင်းရိပေါ်ရင်ထဲတစ်ဒုန်းဒုန်း။ခါးစည်းကြိုးလေးကိုသွားမေးကြည့်ရင်ခါးစည်းကြိုးလေးကပြောလိမ့်မည်။
"ငါ့သခင်ခါးလေးကတစ်ပွေ့စာလေးတဲ့"
YOU ARE READING
ချစ်သောအတွက်ဆိုရင်
Fanfictionဒီficလေးကwattpadမှာကျွန်တော့်ပထမဆုံးficဖြစ်ပါတယ် ဝါရင့်အာသာတွေလောက်တော့ကောင်းမယ်မထင်ပါဘူး အရင်စာအုပ်မှာချရေးထားတာတွေလည်းအများကြီးပဲ ဒါပေမယ့်ဒီမှာရေးဖို့မဝံ့ရဲလို့ငြိမ်နေတာ5နှစ်ရှိပြီ အခုတော့ရေးတော့မယ်လို့