Part-39

251 12 0
                                    

ဒီနေ့ကရိပေါ်တို့ဘုံကျောင်းသွားပြီးလိုအပ်တာတွေသွားလှူတဲ့နေ့။စားစရာ‌တွေနဲ့အတူသင်ကန်းတွေပါလှူခဲ့တယကြောင့်နှစ်ယောက်သားစိတ်ထဲကြည်လင်နေကြသည်။

"ချစ်တဲ့ကလေးလေးရေ ကောင်းရာမှာအစားကောင်းကောင်းတွေစားပြီးပျော်ပျော်နေနော် ကလေးလေး ပါးပါးတို့ကကလေးလေးကိုချစ်တယ်နော်"

"ဟုတ်တယ် ကလေးလေးကိငပါပါးတို့ကချစ်တာမို့ ဝမ်းနည်းမနေနဲ့နော် ပါပါးတို့ပြုပေးတဲ့ကုသိုလ်တွေကိုယူပြီးကောင်းကောင်းနေနော် အကယ်၍ပါပါးတို့ဆီပြန်လာချင်တယ်ဆိုလည်းရတယ် စိတ်မဆိုးဘူး နော် ချစ်တယ်ကလေးလေး"

ရိပေါ်နဲ့ရှောင်ကျန့်ဒီနေ့စိတ်အစဥ်ဟာကြည်လင်နေသည်။နှစ်ယောက်သားမျက်နှာထက်မှာလဲမျက်ရည်တွေနှင့်ပင်။သေချာတာတစ်ခုကတော့ဝမိးသာခြင်းလို့ခေါ်တဲ့စိတ္တဇနာမ်ဖြစ်ပါလိမ့်မည်။လိုအပ်တာတွေလှူပြီးဘုရားရှိခိုး တရားထိုင်ကာပြန်လာခဲ့ကြသည်။ဒါမှနှစ်ယောက်သားလည်းသောကကင်းဝေးမည်မဟုတ်လော။

ပြန်လာတော့ရိပေါ်ကပင်ပန်းလို့နှင့်တူသည်တစ်ချိုးတည်းအိပ်ပျော်လိုက်တာဆိုတာ။ရှောင်ကျန့်ခေါ်တာတောင်မနိုးတော့။ရှောင်ကျန့်လည်းပျင်းနေတာနဲ့ဟိုဟာမကိုရန်သွားစဖို့မာန်ဖီတော့သည်။မြေခွေးပေါက်လေးကကောက်ကျစ်စွာပြုံးလိုက်ပြီးမိဖုရားခေါင်အဆောင်ကိုသုတ်ခြေတင်ချီတက်လာခဲ့သည။်အဲ့ဟာမကအခုတလောငြိမ်နေတာ။ဘယ်ချိန်ဂျိုထလာနိုင်မလဲမသိလို့ပေါက်မယ့်နေရာကိုပြန်ပြီးထုရိုက်ထားပေးမလို့။

"မိဖရားခေါင် မိဖုရားရှောင်ကြွလာပါတယ်"

"ဝင်ခိုင်းလိုက်"

ရှောင်ကျနိ့ကလေးရုပ်လေးကိုပိုက်ပြီးအရူးလေးသဖွယ်ပွေ့လာတာကြောင့်နန်းတွင်းသားများမှာရှောင်ကျန့်ကိုအသနားပို အကြင်နာပိုစွာ ချစ်ကြသည်။နဂိုတညိးကမောက်မာရိုင်းစိုင်းခြင်းမရှိတဲ့ရှောင်ကျန့်ဟာရန်နန်းတော်ကိုရောက်တော့လည်းသူ့ဘာသာအေအေးလေးနေခဲ့သည်။လေးသံအေးအေးလေးနဲ့အနွေးထွေးဆုံးပြုံးပြပြီးနန်းတွင်းသားတွေရဲ့အချစ်ကိုအပိုင်ယူထားသည်။ရှောင်ကျန့်ရဲ့အစေခံတွေဆိုသိပ်ကိုလွတ်လပ်ကြတာ။အမှားတွေလုပ်ရင်တောင်လေသံအေးအေးနဲ့ဆူတတ်တဲ့သခင်လေးရှောင်ကျန့်အောက်မှာအစေခံလုပ်ချင်တဲ့သူတွေကခပ်များများ။အဲ့လောက်ထိကိုရှောင်ကျန့်ဟာသူများတွေ‌အပေါ်ကျောသားရင်သားမခွဲခြားပဲဆက်ဆံတတ်သည့်အတွက်သူကို့လူချစ်များတာလည်းမဆန်းပေ။အခုလည်းအသနားပိုနေကြတဲ့မိဖုရားခေါင်(ယာယီ)ဟွေ့ရန်ဟွားအဆောင်ကအစေခံလေးတွေဟာရှောင်ကျန့်ကိုအသနားပိုနေကြသည့်အတွက်ရှောင်ကျန့်ဖွဖွလေးပြုံးလိုက်သည်။

ချစ်သောအတွက်ဆိုရင်Where stories live. Discover now