Part-17

229 12 0
                                    

  ရိပေါ်အဘိုးအိုဆီမှာနေတာ၅လပင်ကျော်ခဲ့ပြီးဖြစ်သည်။ဒီအတောတွင်းမှာလည်းသူအများကြီးလေ့ကျင့်ခဲ့ရသည်။သိုင်းပညာအခြေခံရှိပေမယ့်ကိုယ်ဖော့သိုင်းကလွဲပြီးကျန်တာမတတ်တဲ့သူ့အတွက်တော့မနည်းလေ့ကျင့်ခဲ့ရသည်။ဒဏ်ရာပေါင်းများစွာနဲ့ချွေးစက်များစွာသာသူ့ကိုအဖော်ပြုခဲ့သည်။ဒီအတောတွင်းလည်းအံ့ဩစရာတွေကြုံခဲ့ရသလိုအလွမ်းကြာရှည်ခဲ့ရတဲ့ညပေါင်းများစွာဟာလည်းရိပေါ်ကိုနှိပ်စက်ခဲ့သည်။အခုလည်းဓားကိုလက်ကိုင်နဲ့သုတ်နေရင်းမှအဘိုးအိုပြောပြတဲ့သူ့ပါးနဲ့မားအကြောင်းကိုပြန်တွေးနေမိသည်။

လွန်ခဲ့သော၅လတွင်~~~~~~

"မြေးလေးနာမည်ကိုအဘိုးမသိရသေးဘူးကွဲ့"

"အော် တောင်းပန်ပါတယ်ဗျာ့ ကျွန်တော်နာမည် ဝမ်ရိပေါ်ပါ"

  အဘိုးကချက်ချင်းမျက်ရည်များဝဲတက်လာကာအလင်းရောင်ကိုရှာတွေ့သလိုကြည့်လာတာကြောင့်

"အဘိုးနေ နေမကောင်းလို့လားဗျာ့"

"‌ေမြးအဖေနာ နာမည်ကရော"

   ရိပေါ်မေးတာနဲ့ရိပေါ်ကိုအမေးနဲ့ပြန်တုံ့ပြန်လာတဲ့အဘိုးကြောင့်

"ကျန်းလွမ် ဝမ်ကျန်းလွမ်ပါဗျာ့"

"ဒါဆို မင်း မင်းကစစ်သူကြီးရဲ့သားပေါ့ ဟုတ်လား"

"ဗျာ"

‌"တောင်းပန်ပါတယ်သခင်လေး ကျွန်တော့်ရဲ့ရိုင်းပြမှုကိုဗွေမယူပါနဲ့"

  အဘိုးဟာချက်ချင်းပင်ခုံအောက်ဆင်းကာ ရိပေါ်ကိုဝပ်တွားလာတော့သည်။

"ဟာ့ အဘိုးမလုပ်ပါနဲ့ဗျာ ကျွ‌န်တော်ငရဲတွေကြီးနေပါ့မယ် ပြီးတော့ကျွန်တော်ကဘယ်စစ်သူကြီးရဲ့သားမှမဟုတ်ပါဘူး ပန်းပဲဆရာသားပါဗျာ့ အဘိုးလူမှားနေတာဖြစ်ပါလိမ့်မယ် "

"မဖြစ်နိုင်ဘူးသခင်လေး မဖြစ်နိုင်ဘူး သခင်လေးဆိုတာကျွန်တော်သေချာပေါက်သိတယ်"

"ကျွန်တော်"

"ဒီအဘိုးကြီးတစ်ခုလောက်မေးမယ်ဆိုသခင်လေးစိတ်ဆိုးမှာလား "

"ဟိုကျွန်တော်မဆိုးပါဘူး "

"သခင်လေးရဲ့နောက်ဂုတ်တည့်တည့်မှာမှည့်နက်တစ်လုံးရှိတယ်မို့လား"

ချစ်သောအတွက်ဆိုရင်Where stories live. Discover now