Part-23

239 8 0
                                    

မနက်ခင်းနေရောင်ခြည်အလင်းတန်းနဲ့အတူရန်အရှင်ဝမ်ရိပေါ်ဟာကြည်ကြည်သာသာနဲ့နိုးလို့လာခဲ့သည်။တစ်ညလုံးချစ်ရသူကိုရင်ခွင်ထဲထည့်ပြီးအိပ်စက်ခဲ့ရသည့်အတွက်စိတိအစုံဟာကြည်လင်နေသည်။မနက်အာရုဏ်တက်ခါနီးမှအဆောင်ပြန်အိပ်ရပေမယ့်လည်းကျေနပ်ပါတယ်။ဘာပဲပြောပြောသူ့ချစ်သူကိုထိတွေ့ခွင့်ရခဲ့သည်မို့လား။

  ရှောင်ကျန့်အေးစက်စက်ရှိနေတဲ့သူ့ကြတင်ကြောင့်အိပ်ရာကနေနိုးလာခဲ့သည်။ညကချစ်ရသူရင်ခွင်ထဲအိပ်ခဲ့ရတာအိပ်မက်လို့ထင်မိသွားသည်။မဖြစ်နိုင်ပါ။ညကသေချာပေါက်သူရိပေါ်ရင်ခွင်ထဲမှာငိုရင်းအိပ်ပ်ျောသွားတာ။

"အားလီရေ"

  ချက်ချင်းအားလီကပြေးလာပြီး

"ဘာခိုင်းစရာရှိလို့လဲသခင်လေး သခင်လေးတွက်ရေးစပ်ပေးထားရမလား"

"မဟုတ်ဘူးအားလီ ငါမေးစရာရှိလို့"

"အားလီကိုလား"

"အင်း"

"မေးသခင်လေးအားလီအကုန်သိတယ်"

"ဟိရန်ဘုရင်နာမည်ကဘာတဲ့လဲ"

"ရှင်း လေသခင်လေး"

"မဟုတ်ဘူးလေ ဟိုတစ်ခါကအားလီသူ့နာမည်ရင်းကိုပြောပြတာအကြောင်းကြောင်းကြောင့်မမပြာလိုက်ရဘူးလေ"

"အော် ဟဲ ဟုတ်သားပဲနော် သူ့နာမည်ကဝမ်ရိပေါ်တဲ့ သခင်လေးရဲ့"

  ရှောင်ကျန့်ကအားလီရဲ့စကားဆုံးတော့ချက်ချင်းကိုပြုံးမိသွားသည်။အဲ့ဆိုညကကိစ္စကအမှန်ပဲ။အိပ်မက်မဟုတ်ဘူး။

"ကျေးဇူး အားလီလုပ်စရာရှိတာသွားလုပ်တော့"

"ဟုတ် အော် သခင်လေး ဘုရင်ကြီးကသခင်ဘလးကိုအခေါ်တော်ပါးလိုက်တယ် ဒီနေ့ရန်ဘုရင်ကိုကြိုဆိုပွဲရှိလို့ "

"ကောင်းပြီအားလီ ငါလာခဲ့မယ်"

  ဘာပွဲရှိရှိတက်ဖို့ငြင်းတတ်တဲ့သခင်လေးကအခုတော့တက်မယ်တဲ့ အံ့ဩစရာမကောင်းဘူးလားလူတွေရယ်။

  ရှောင်ကျန့်အိပ်ရာမှထပြီးရေချိုးဖို့ပြင်လိုက်သည်။မျက်နှာနုနုထက်တွင်လည်းအပြုံးပန်းများဝေဆာစွာဖြင့်ဖူးပွင့်နေခဲ့သည်။သူလှလှလေးပြင်ရမည်။ဒါမှသာချစ်ရသူရှေ့မှာသူ့ကပေါ်လွင်နေမှာလေ။

ချစ်သောအတွက်ဆိုရင်Where stories live. Discover now