Part-24

258 9 0
                                    

(A/N:ဖုကော်ဘုရင်အမည်;ဟွေ့ထျန်းရှီ)

  ရှောင်ကျန့်ဟာချက်ချင်းပဲညီလာခံခန်းမအလယ်တွင်နေရာယူလိုက်သည်။ကိုယ်နေဟန်ထားပြင်ပြီးသည်နှင့်တစ်ပြိုင်နက်သံစဉ်ထွက်ပေါ်လာတာကြောင့်ချက်ချင်းပဲကဝောာ့သည်။ခမ်းနားတဲညီလာခံခန်းမအလယ်တွင်ဝတ်ရုံနီဖျော့ဖျော့နှင့်ရိုးရှင်းကျော့စင်းလှတဲ့ကောင်လေးတစ်ယောက်ဟာပြစ်မျိုးမှဲ့မထင်အောင်ကိုလှရက်လွန်းသည့်အပြင်အကမှာလည်းနူးညံ့ပြေပြစ်လှပစွာကနေသည်မှာမျက်တောင်ခတ်ချင်စရာတောက်မကောင်းပင်။ဒီလိုလှပတဲ့မြင်ကွင်းမျိုးကိုမြင်လိုက်ရတဲ့ပုရိသတ်အပေါင်းဟာထိုမြင်ကွင်းကိုမျက်တောင်မခတ်ပဲနဲ့ကိုကြည့်နေကြသည်။မျက်တောင်တစ်ချက်ခတ်လိုက်သည်နှင့်သူတို့ရဲ့မြင်ကွင်းလှလှလေးကိုမြင်ရတော့မှာမဟုတ်ပေ။တစ်စက္ကန့်ရရင်တောင်အဲ့ဒီတစ်စက္ကန့်စာကိုမျက်လုံးထဲမှာသိမ်းထားမိသည်ထိပင်။

  ရိပေါ်ဟာအကြမ်းပန်ကန်လုံးလေးကိုလက်နဲ့လှည့်ကာသူ့ချစ်သောကိုပြုံးပြုံးကြီးကြည့်နေသည်။ဘေးနားကသူတွေသူ့ချစ်သော ကနေတာကိုကြည့်တာသူမကြိုက်ပါ။သို့သော်လည်းများမကြာမီအချိန်တောတွင်းမှာသူ့ချစ်သောကိုပိုင်ဆိုင်ရမယ်လို့တွေးမိတော့လည်းအလွန်ပျော်မိသည်။ဒီမြင်ကွင်းဟာဒီခန်းမထဲမှာရှိတဲ့သူတွေအတွက်မြင်ကွင်းအလှဆုံးနဲ့နောက်ဆုံးကြည့်ရခြင်းပင်။သူချစ်သောကိုပိုင်ပြီဆိုတာနဲ့သူ့ရင်ခွင်ထဲမှာချစ်သောကိုဖွက်ထားပစ်မည်။ဒီလိုအလှတရားကိုသူတစ်ယောက်တည်းကသာပိုင်ဆိုင်ဖို့သင့်တော်သည်။

   ရှောင်ကျန့်ကရင်းနဲ့စက်ဝိုင်းပုံစံလှည့်ကာရိပေါ်ရဲ့မျက်နှာကိုသူ့လက်ကအဝတ်စလေးနဲ့ထိတွေ့စေသည်။အများအမြင်တွင်တော့မတော်တဆခိုက်မိသွားတယ်လို့ထင်ရပေမယ့်ကာယကံရှင်နှစ်ဦးကတော့သူ့တို့ကျီစယ်နေတာသူတို့ပဲသိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပင်။ဖုကော်ဘုရင်‌(ခေါ်)ဟွေ့ထျန်းရှီဟာမျက်နှာပျက်ယွင်းနေသညိ။နောက်ဆုံးတော့မြင်ကွင်းလှလှလေးဟာလူအများရှေ့မှာပျောက်ကွယ်သွားတော့သည်။

   တီးလုံးသံဆုံးတာနဲ့ရှောင်ကျန့်ဟာဟွေ့ထျန်းရှီကိုဦးညွတ်လိုက်သည်။

ချစ်သောအတွက်ဆိုရင်Where stories live. Discover now