Part-36

263 19 1
                                    

  ရိပေါ်တို့နေ့ခင်းစာစားပြီးတော့ရိပေါ်ကစစ်ဌာနကိုသွားကြည့်မယ်ဆိုပြီးထွက်သွားသည်။ရှောင်ကျန့်ကိုခွင့်တိုင်ဖို့လညး်မမေ့ခဲ့။ထိုအချိန်မှအနက်ရောင်လူတစ်ယောက်ဟာရှောင်ကျန့်ဆီရောက်လာသည်။

"အခြေနေဘယ်လိုလဲ"

"အဲ့အဆိပ်ကချန်မြို့ကဖြစ်ပြီးသမားတော်လင်းချောင်ဆီမှာပဲရှိတဲ့အဆိပ်ပါမိဖုရား မိဖုရားအဆိပ်မမိခင်အချိန်နားကပ်ပြီးလာဝယ်တဲ့သူတစ်ယောက်ပဲရှိပါတယ်လို့ပြောပါတယ် နန်းတော်ထဲကလို့တော့ပြောပါတယ် သူမရောင်းဘူးလို့ပြောတယတောင်‌ရွှေတုံးအထုပ်လိုပ်ပေးပြီးဝယ်သွားတာပါလို့ထွက်ဆိုထားပါသေးတယ်"

"နာမည်သိရပြီလား''

"မစုံစမ်းရသေးပါမိဖုရား "

"အင်း ဆက်စုံစမ်းထား အခုတော့သွာ‌းတော့"

"ဟုတ်ကဲ့"

   လင်းချောင်ထွကိသွားပြီးနောက်မှာရှောင်ကျန့်ဟာ‌ဆက်ကနဲကောက်ထကာမင်းသမီးဟွေ့ရန်ဟွားအဆောင်ကိုသွားသည်။လမ်းတစ်လျောက်တွင်လည်းရာထူးကြီးတဲ့သူတွေကိူစဉ်းစားနေလေရဲ့။သေချာပေါက်သူ့မှာရန်သူမရှိဘူးပါ။အကုန်လုံးနဲ့သင့်မြတ်အောင်နေတာပေ။ထပ်စဉ်းစားကြည့်လိုက်တော့ ဟုတ်ပြိ မင်းသမီူးဟွေ့ရန်ဟွား အဲ့ကလေးမ ရိပေါ်ကိုကြည့်တဲ့အကြည့်တွေမရိုးသားတာသိပါတယ် ဒါဆိုအဲ့ကိစ္စကအဲ့ကလေးမနဲ့ဆိုင်လောက်မည်။

"မိဖုရားခေါင်ကြီး မိဖုရားရှောင်အခစားဝင်ကြောင်းပါ''

"လွှတ်လိုက်"

   ရှောင်ကျန့်ဟာမိဖုရားခေါင်ရာထူးမှကျပြီးဟွေ့ရနိဟွားမိဖုရာစခေါင်ဖြစ်သွားသော်လညး်ဝမ်းမနည်းပါ။သူ့နောက်မှာရိပေါ်တစ်ယောက်လုံးရှိသေးသည်။အခုသူဝတ်လာသည့်အဆင်တန်ဆာတွေကလည်းမိဖုရားခေါင်အဆင်တန်ဆာတွေပင်။ရှောင်ကျန့်ပြောချင်တာကအတုကအတုလိုနေဆိုတဲ့ပုံစံမျိုးသက်ရောက်သည်။

  ကလေးအရုပ်ကိုရင်မှာပိုက်ထားတဲ့ရှောင်ကျန့်က

"အထွေထူးနှုတ်မဆက်တော့ဘူးနော် ဟက်''

"ရှောင်ကျန့်နင့်ငါ့ကိုပြော နင်မရူးဘူးမို့လား"

"ဟက် ညီမတော်ရန်ဟွားကဘယ်လိုထင်လို့လဲ "

ချစ်သောအတွက်ဆိုရင်Where stories live. Discover now